6ᵘⁿⁱ➪

1K 144 11
                                    

အတိတ်ဟာ ဖြစ်ပျက်ပြီးသား ကာလတစ်ခုပေမယ့် လက်ရှိအချိန်အထိ ရိုက်ခတ်လေ့ရှိတယ်

ကလေးဘ၀တုန်းကတော့ အချိန်တွေက အကုန်မြန်ခဲ့တယ်
အကုန်မြန်ခဲ့သလောက်လည်း လူကြီးမြန်မြန်ဖြစ်ချင်စိတ်က
အားလုံးထက်ပိုခဲ့တာ။
လူကြီးဖြစ်လာတယ်လို့ ခံစားရတဲ့ အချိန်မှာ အသက်အရွယ်နဲ့မလိုက်အောင် ဖိအားတွေ တစ်ပုံကြီး ကျရောက်လာတယ်။
ငယ်ဘ၀ကို ပြန်လွမ်းတယ်ဆိုရအောင်လည်း တစ်ချိန်ကျ ဒီဆိုးဝါးတဲ့ အရွယ်ကို ပြန်ရောက်လာမှာဘဲမလား။
ကြုံရမှာချင်းတူတူ ပြေး၀င်တိုးမယ်ကွာ တွေးမိတော့လည်း သတ္တိက အလုံအလောက်မရှိ။

ကလေးတွေက ဖြူစင်တယ်။လူကြီးတွေကတော့ခြားနားတယ်။
ဖြူစင်ရမယ့် အရွယ်မှာ ဖြူစင်ပြီး ကိုယ့်အားနည်းချက်တွေကို ဖုံးဖိရမယ့် အချိန်မှာလဲ အကောင်းဆုံး ဖုံးဖိထားတာ အကောင်းဆုံးပါဘဲ။
ကိုယ်က ကိုယ့်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်နေတာလဲ အားသာချက်တစ်ခုဘဲမလား။

ဘာလုပ်ဖို့ ဖြူစင်ခဲ့တဲ့ အရွယ်ကို တမ်းတနေအုန်းမှာလဲ။
လူတိုင်းက ဖြတ်သန်းလာခဲ့ရတဲ့ ခရီးတွေ ရှည်လာတာနဲ့ အမျှ အားနည်းချက်တွေ ရှိလာလိမ့်မယ်။
အားနည်းချက်တွေ ရှိလာတာနဲ့ အမျှ ဖုံးဖိနိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေကို သိလာလိမ့်မယ်။
ဘ၀ကြီးက မကောင်းတာချည်းသက်သက်တော့မဟုတ်ပါဘူး။

ဆူးလ်ဂီမှာလည်း ဗလာတွေရှိတယ်။
စီနီယာ့မှာလည်း ရှိလိမ့်မယ်။

သဘောကျမယ် ထင်မိတဲ့ စာအုပ်သုံးအုပ်လောက်ကို ရွေးပြီးသည်နှင့် ငွေရှင်း ကောင်တာကို ဦးတည်လာမိသည်။ အရှေ့မှာ တစ်ယောက် ရှိနေတာမို့ အလှည့်ကို စောင့်နေတုန်း စိတ်၀င်စား စရာ တစ်ခုကို တွေ့သည်။

"ဟိုတစ်ခေါက်က အတွက် love letter 💌လေးပါ။ဒီတစ်ခေါက်က ဒီစာအုပ်လေးတွေ ယူမှာနော်"

အညိုရောင် စာအိတ်လေးတစ်အိတ်။

"အဲ့ love letter က ဘာအတွက်လဲဟင်"

စိတ်၀င်တစားဖြစ်လှသည်မို့ ကိုယ့်အလှည့်ရောက်သည်နှင့်မေးမိသည်။နည်းနည်းတော့ တစ်မျိုးဖြစ်သည့် အစီအစဉ်ဖြစ်သည်။
Member ၀င်တိုင်း စာအုပ်၀ယ်သည့် သတ်မှတ်ပမာဏ ပြည့်သွားသည်နှင့် love letter တစ်စောင် ရသည့် ပုံစံဖြစ်သည်။
ပထမတစ်ခေါက် သတ်မှတ်ပမာဏ ပြည့်သွားသည့် အခါ random အကြောင်းအရာတစ်ခုပါ၀င်တဲ့ စာတစ်စောင်ရသည်။

Memorable Moments From A Blank➪Where stories live. Discover now