•အမှား•
"အခုအချိန်ထိ ငါ့ကို ချစ်သေးလား"
လေပြေတွေ ဝေ့သွားသည်။
ပုခုံးပေါ်တင်ထားတဲ့ သူမလက်ကို ဆုပ်ကိုင်ထားတဲ့ စီနီယာ့လက်ကို ဖြုတ်ကာ တစ်ဖန် ပြန်ဆုပ်ကိုင်လိုက်သည်။"စီနီယာ ပြန်ချင်နေပြီဘဲ။ဒီလိုထူးဆန်းတာတွေ ပြောနေပုံထောက်တော့"
ဂျူဟျွန်း လမ်းမဘက်ကို မျက်နှာပြန်လွှဲလိုက်သည်။ဆူးလ်ဂီလက်ကို ဖြုတ်ချရင်း
"အင်း ပြန်ချင်ပြီ ပြန်ကြတာပေါ့"
စီနီယာက ခြေလှမ်းတွေ စလှမ်းပေမယ့် ဆူးလ်ဂီကတော့ သက်ပြင်းမ တစ်ခုကို ချရသည်။
ထို့နောက် အတော်လှမ်းနေပြီဖြစ်တဲ့ စီနီယာ့နောက် အမြန်ပြေးလိုက်ရတော့သည်။"စောင့်ပါအုံး စီနီယာရဲ့။ တူတူသွားမယ်လေ"
-
"ငါ့အိမ်မှာ အိပ်မယ် မလား စီနီယာ"
ခြေလှမ်းတွေကို ရုတ်တရက်ရပ်လိုက်သဖြင့် ဆူးလ်ဂီလည်း ရပ်လိုက်သည်။
"ဘာလို့"
"အိပ်ပါ ငါနဲ့"
"မအိပ်ချင်ပါဘူး ငါအဆောင်ဘဲ ပြန်မှာ"
ခြေလှမ်းကို ပြန်စရင်း ဂျူဟျွန်းက အပြီးငြင်းသည်။
ဆူးလ်ဂီ သူ့နောက်ကနေလိုက်ရင်း
"ဒါဆို တစ်ခုခုစားရအောင် ဗိုက်ဆာပြီလေ"
ဆူးလ်ဂီ အနားက မြင်တဲ့ အနီရောင် မိုးကာ နဲ့ကာထားတဲ့ လမ်းဘေးဆိုင်တစ်ဆိုင်ကို လက်ညှိုး ထိုးပြလိုက်သည်။
"စားရအောင် စားမယ်မလား။ စားမယ်လေ ဗိုက်ဆာပြီ စားရအောင်ပါ"
ချစ်ဖို့ကောင်းအောင် အတင်းလုပ်ပြနေလို့ထင်တယ် စီနီယာက မျက်စောင်းထိုးတယ်။ဟော သူလည်း ချစ်ဖို့ကောင်းအောင် လုပ်နေပြီးတော့ကို။
-
"ဘယ်သူ့ကို ဆက်နေတာလဲ"
အနီရောင် ပလက်စတစ်ခုံပေါ် ၀င်ထိုင်တဲ့အချိန် စားပွဲပေါ်က ဟင်းရည်အိုးဟာ အငွေ့တထောင်းထောင်းနဲ့။
"ဆောင်းယွန်းပါ။ညီမက ဒီနေ့ အပြင်မထွက်ဘူးပြောထားတာလေ သူပြန်လာရင် ညီမကို မတွေ့ဘူးဖြစ်နေမှာစိုးလို့ ဆက်နေတာ မကိုင်ပါဘူး"
YOU ARE READING
Memorable Moments From A Blank➪
Fanfictionဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ