•အအေးဖိုးအစား သူငယ်ချင်းတစ်ယောက်•
ထမင်းကြော် တစ်ပွဲကို တစ်၀က်လောက် စားထားပေမယ့် ကျောင်းအပြင်ထိ လမ်းလျှောက်လာရလို့လားမသိ ဗိုက်ကပြန်ဆာလာသည်။
"ဒီဆိုင်က ကောင်းတယ်"
"အင်း သိတယ်"
ဘယ်ဂျူဟျွန်းက ဘာတုန်း။ကျောင်းနားက ဒီ၀က်သားပြားကြော်ဆိုင်ကို မသိတဲ့သူမရှိတာကို ဆူးလ်ဂီရှေ့လာပြီး ဆိုင်ကို ပရိုမိုးရှင်းဆင်းပေးနေသေးတာ။
ဓားပါးကို အသုံးပြုကာ ၀က်သားပြားကြော်ကို အားပါးတရ လှီးကာ ပါးစပ်ထဲ အလုပ်ကြီးကြီးသွင်းသည်။
"ဆူးလ်ဂီ မင်းလက်က ဒဏ်ရာမပျောက်သေးဘူးလား။"
ညာဘက်လက်ဆစ်က ဒဏ်ရာကို ပြန်ကြည့်တော့ ဆေးမထည့်ဘာမထည့်နဲ့မို့ အခုထိ ဒုက္ခပေးနေဆဲ အနာကိုတွေ့ရသည်။
နေပါအုံး။ဒီဒဏ်ရာကို ဘယ်ဂျူဟျွန်းက ဘယ်လိုလုပ်သိ...
"အဲ့နေ့က club ထဲမှာ စီနီယာရောရှိနေခဲ့တာလား"
ခပ်ဖြည်းဖြည်းဘဲ ခေါင်းညိတ်ပြသည်။
"နေအုံး ငါ့မှာဆေးပါတယ် ဟိုနေ့က ငါ့အတွက်၀ယ်ရင်း ပိုလာတာ"
သူ့အိတ်ထဲကိုလှန်လှောရှာပြီး ဆေးဘူးထုပ်လာသည်။
"စားနေတုန်းကြီးကို ပြီးမှလိမ်းမယ်"
ဘေးနားက ရေခွက်ကို ကောက်မော့လိုက်သည်။
ဘယ်ဂျူဟျွန်းကတော့ ပလာစတာတွေပါ ထုတ်လာသည်။ဆူးလ်ဂီ စားပြီးတော့ ဆေးဘူးထဲမှ အဖြူရောင် ဂျယ်လို ဆေးများကို လက်ဆစ်ပေါ်မှ ပွန်းပဲ့ရာပေါ် တင်တော့မှ တော်တော်နာမှန်းသတိထားမိသည်။
ပလာစတာကို ဘယ်ဂျူဟျွန်းက ဖောက်နေသဖြင့် ဆေးလိမ်းပြီးတော့ လက်ကို သူ့ဘက်ထိုးပေးလိုက်သည်။
"ကဲ ဒီမှာ..."
"ဆူးလ်ဂီ မင်းလက်ချောင်းတွေက လှလိုက်တာ"
ပလာစတာကို သေသေသပ်သပ် ကပ်ပေးရင်းဆူးလ်ဂီလက်ချောင်းတွေကိုချီးမွမ်းခန်းဖွင့်သည်။သူ့ညာဘက်လက်ညှိုးမှာလည်း ပလာစတာကပ်ထားတာကို သတိထားမိသည်။
YOU ARE READING
Memorable Moments From A Blank➪
Fanficဘယ်တော့မှ ထပ်မဖွင့်ဟဖြစ်တော့မယ့် ၀န်ခံချက်တွေ