Part 1

8.5K 320 4
                                    


Unicode

ဆံပင်အရောင်သာမက မျက်လုံးအရောက်ကပါ မိုးပြာရောင်နဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ သူရောက်တဲ့နေရာကြောင့် ကြောက်လန့်နေမိသည်

ဘာမျှမရှိဘဲ အဖြူရောင် အလင်းတန်းကြီးနဲ့ မြူခိုးတွေရစ်ဝဲနေတဲ့ နေရာဟာ ဆယ်ကျော်သက်ကောင်လေးအဖို့ ထိတ်လန့်
စရာကောင်းလှသည် ထိုကောင်လေရဲ့ စိတ်ထဲမှာတော့ မေးခွန်းပေါင်းများစွာရှိနေသည်

' ကျ​နော်က ဘယ်သူလဲ? ဒါက ဘယ်နေရာလဲ? ကျနော်ဘယ်လိုရောက်လာတာလဲ? ကျနော်သေသွားတာလား? တစ်ယောက်ယောက်များမရှိကြဘူးလား? '

[ host အရင်ဆုံး စိတ်အေးအေးထားပါ... host မေးခွန်းတွေကို ကျနော်က ဖြေပေးမှာပါ... ]

' ဘယ်သူလဲ? ခင်ဗျားဘယ်မှာလဲ? '

[ ကျနော်က host နဲ့ အတူ တာဝန်ထမ်းဆောင်မယ့် system 405 ပါ ဒါပေမယ့် ကျနော့်မှာ နာမည်ရှိပါတယ် ရှောင်ချင်း လို့ခေါ်ပါတယ်... ]

' ဒါဆို ကျနော်ကရော? ကျနော့်မှာ နာမည်ရှိလား? '

[ ရှိပါတယ် host ရဲ့ နာမည်က ဖန်ရှီးယောင် ပါ host က မူလဘဝမှာ စိတ်ထိခိုက်ပြီး နာကျည်းခဲ့တာကြောင့် မှတ်ဥဏ်ပျောက်နေတာပါ ပြန်လည်မွေးဖွားဖို့ ဝိဥာဥ်အားနည်းနေတာကြောင့် ကျနော်တို့ system က ကူညီပေးတာပါ]

' အင်း ဒါဆို ကျနော် ဘာလုပ်ရမှာလဲ? '

[ host က မတူညီတဲ့ ကမ္ဘာတွေကိုသွားပြီး မစ်ရှင်လုပ်ရမှာပါ မစ်ရှင်ကတော့ ဇာတ်လိုက်မတွေရဲ့ ကံကြမ္မာကို ပြောင်းပြီး host က ဇာတ်လိုက်မလုပ်ရမှာပါ... ]

' ခန...ဒါက ခက်မယ့်ပုံပဲ တခြားဟာ မရှိဘူးလား '

[ ရှိပါတယ် ဒါပေမယ့် ဒီဟာကိုတော့ အဓိကမစ်ရှင်အဖြစ် လုပ်ဆောင်ရမယ့်ဟာပါ ]

' ဟူး....ဒီလိုဆိုတော့လည်....တခြားဟာကရော ဘာလုပ်စရာလိုသေးလဲ '

[ host ဝင်တဲ့ ခန္တာကိုယ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပါ ဒါကတော့ လွယ်ပါတယ် ဒီဟာကတော့ မအောင်မြင်ရင် point နှုတ်ရုံသက်သက်ပဲ ဒါပေမယ့် အဓိကမစ်ရှင်မအောင်မြင်ရင်တော့ အပြစ်ပေးကမ္ဘာကို သွားရမှာပါ အဲ့မှာ ကျနော့ဘက်က ဘာအကူအညီမှ ရှိမှာမဟုတ်ပါဘူး ယုတ်စွအဆုံး ဇာတ်ကြောင်းတောင်မှ အပြစ်ပေးကမ္ဘာမှာ ပြောပြမှာမဟုတ်ပါဘူး ဒါကြောင့် အတတ်နိုင်ဆုံး မကျဆုံးအောင် ကြိုးစားပါ.... နားလည်လား.... ]

Changing Female lead ( System) Where stories live. Discover now