1.1

3.1K 272 4
                                        

Unicode

'' ဂေ ဂေဟာမှူး! ''

'' မင်းတို့ ဘာဖြစ်နေတာလဲ လူတစ်ယောက်ကို အနိုင်ကျင့်ဖို့ ဒီဂေဟာက သင်ပေးနေတာလား ''

'' မဟုတ်...မဟုတ်ပါဘူး ''

'' သွားတော့ နောက်ခါ ဒါမျိုးတွေ မမြင်ချင်ဘူး ''

'' ဟုတ် ဟုတ်ကဲ့ ''

ကြောက်ကြောက်လန့်လန့်နဲ့ ဖြစ်နေကြတဲ့ ထိုလူငါးယောက်ဟာ ဂေဟာမှူးအနားက ဖြတ်သွားတော့ တစ်ယောက်က မေးငေါ့ပြလိုက်တယ်
အဓိပ္ပါယ်က ဘယ်လိုလဲ ဆိုတဲ့ပုံနဲ့ပေါ့
ဂေဟာမှူးကလည်း မသိမသာ ခေါင်းငြိမ့်ပြလိုက်တော့ ထိုလူတွေလည်း အေးဆေးထွက်သွားကြတော့တယ်

ဂေဟာမှူးလည်း ချန်ရှို့နားကို ရောက်လာကာ ထူမလိုက်ပြီး မေးလိုက်သည်

'' အားရှို့ အဆင်ပြေလား.. ဘယ်လိုနေလဲ ''

'' ဟို...ဟို နဖူးက နဲနဲနာတယ် ''

'' ဟာ...တော်တော် နာမှာပဲ သွေးတွေတောင်ထွက်နေပြီ လာ ဆေးလိမ်းပေးမယ် ''

'' ရပါတယ် ဂေဟာမှူး ကျနော့်ဘာသာ လိမ်းလိုက်မယ် ''

'' ဘယ်လိုလုပ် ရမလဲ လာပါ လိမ်းပေးမယ်လို့ ပြောနေတာကို ''

'' ဟုတ်ကဲ့ ''

ချန်ရှို့လည်း မတတ်သာတဲ့အဆုံး ဂေဟာမှူးရဲ့ နောက်ကို လိုက်ပါသွားတော့သည်

[ host အခုနွေရာသီပြီး ကျောင်းပြန်ဖွင့်တဲ့အခါကျရင် host လည်း ကျောင်းတက်နိုင်အောင် ကြိုးစားပါ ထန်ဖန်း ကျောင်းတော်မှာ ဇာတ်လိုက်မ တက်မှာပါ ]

' အင်း ကျနော် ကြိုးစားမှာပါ '

ချန်ရှို့လည်း ကျောင်းကို တက်ဖို့ ဘယ်လိုလုပ်ရမလဲ စဥ်းစားနေချိန်မှာပဲ ဂေဟာမှူးရဲ့ အခန်းကို ရောက်လာတယ်

ဂေဟာမှူးဟာ ချန်ရှို့ကို ထိုင်ခုံပေါ်ထိုင်ခိုင်းပြီး ဆေးသေတ္တာကို သွားယူလေသည် မိနစ်အနည်းငယ်ကြာတော့ ဂေဟာမှူးပြန်ရောက်လာပြီး ချန်ရှို့ကို ဆေးထည့်ပေးလေသည်

'' အရမ်းနာနေလား... ကျစ် ဒီကောင်တွေကတော့ အလိုလိုက်လို့ ဆိုးကုန်ပြီပဲ အပြစ်ပေးမှပဲ ''

Changing Female lead ( System) Où les histoires vivent. Découvrez maintenant