1.18 ( Final )

2.1K 208 15
                                    


Unicode

လျိုယန်ရင်းနဲ့ ချန်ရှို့တို့ လူနာခန်းကို ရောက်လာတော့ အထဲမှာ လျိုယန်ရင်းရဲ့ အဖေနဲ့အမေ ရှိနေတာကို တွေ့လိုက်တယ်
ဒါကြောင့် သူတို့လည်း အမြန်ဝင်ပြီး နှုတ်ဆက်ကာ လျိုယန်ရင်းကို ကုတင်ပေါ် ထိုင်စေလိုက်တယ်

လျိုယန်ရင်း: ဘာလို့ လာတာလဲ?

လျိုပါးပါး: ဟေး...အဲ့လေသံက ဘာသဘောလဲ? မိဘတွေကို အဲ့လိုပြောရလား?

လျိုယန်ရင်း: မိဘ? သမီးမှာ မိဘဆိုတာရော ရှိလို့လား မိဘတွေတောင် မလိုချင်လို့ စွန့်ပစ်ထားတာ

လျိုပါးပါး: မင်း!! ငါပြောမယ်... အေး ငါက မင်းအဖေမဟုတ်ပေမယ့် သူမကတော့ မင်းအမေကွ! မင်းကို မွေးပေးတဲ့ အမေရင်း သိပြီလား!

လျိုယန်ရင်း: ဟင်? အ..အမေ? ဘယ်..ဘယ်လို..လုပ်....

လျိုပါးပါး: ဟူး....ပြောလက်စနဲ့ အားလုံးပြောပြမယ် သေချာနားထောင်....... မင်းအမေရယ် ငါရယ် မင်းအဖေရယ်က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ငါတို့သုံးယောက်မှာ မင်းအဖေက စိတ်သဘောထား အကွဲလွဲဆုံး။ သူ့အကျိုးအတွက်ဆို ဘာမဆိုလုပ်တယ် အဆိုးဆုံးထိတောင် လုပ်တယ် သူကောင်းစားဖို့အတွက် သူများတွေ ဒုက္ခရောက်ရင်တောင် တစ်ချက်လှည့်မကြည့်ဘူး သူက မင်းအမေကို ချစ်နေပေမယ့် မင်းအမေက မချစ်တော့ သူက အတင်းသိမ်းပိုက်တယ် နောက်တော့ မင်းအမေက ကိုယ်ဝန်ရတယ်ဆိုတာသိတော့ သူက ဂရုစိုက်ပေးခဲ့တာကြောင့် မင်းအမေက သူ့ကို လက်ခံဖို့ စဥ်းစားခဲ့တယ် ဒါပေမယ့် တစ်နေ့မှာတော့ သူဌေးသမီးတစ်ယောက်က သူ့ကို ချစ်တယ်ဆိုပြီး စလိုက်တော့ မကြာခင်မှာပဲ သူက လက်ခံပြီး မင်းအမေကို စွန့်ပစ်သွားတယ် အဲ့တုန်းက ကိုယ်ဝန်က ၅လရှိနေပြီလေ အဲ့တာကြောင့် ငါလည်း မင်းအမေကို စောင့်ရှောက်ဖို့ ရွေးလိုက်တယ် အဲ့တာပါပဲ

အဖြစ်အပျက်တွေကို သိပြီးနောက် လျိုယန်ရင်းရဲ့ ပါးပြင်ပေါ် မျက်ရည်များ စီးကျလျက် သူမရှေ့က လူကို ဖက်ပြီး ငိုနေတော့တယ်
နောက်တော့ သူမ ငိုလို့ဝသွားတော့ မေးလိုက်တယ်

လျိုယန်ရင်း: အဲ့ဒါဆို အဲ့အဖေဆိုသူကရော အခုအသက်ရှင်သေးလား

Changing Female lead ( System) Where stories live. Discover now