Unicodeဖြန်းကနဲ မြည်သံနဲ့အတူ ကျရောက်လာတဲ့ လက်ဝါးကြောင့် လျိုယန်ရင်း အံ့သြသွားတယ်
သူမကို တစ်ခါမှာ မရိုက်ဖူးတဲ့ သူ့အဖေက အခုတော့ ချန်ရှို့ဆိုတဲ့ လူကြောင့် သူမကို ရိုက်တယ်ဆိုတာ ယုံတောင် မယုံနိုင်ပေ'' ပါးပါး ပါးပါးက အ..အခု သမီးကို ရိုက်လိုက်တယ်ပေါ့.. သူစိမ်းတစ်ယောက်ကြောင့် ကိုယ့်သမီးကို ရိုက်တယ်ပေါ့...သမီးမှာတော့..ပါးပါးတို့ ချမ်းချမ်းသာသာနေနိုင်ဖို့ ဘာမဆို လုပ်နေပေမယ့် ပါးပါးကတော့.... ''
'' ဘာမဆိုလုပ်တယ်? အေး အဲ့ဒီဘာမဆိုလုပ်တဲ့အတွက်ကြောင့် ရိုက်တာကွ!! ဘယ်လိုဖြစ်ပြီး မင်းက အဲ့လောက်ထိ အောက်တန်းကျသွားတာလဲ ကိုယ့်မောင်လေးကိုတောင် မူးယစ်ဆေးသုံးခိုင်းတယ်ပေါ့... ငါတို့ မင်းကို ပြုစုစောင့်ရှောက်တာ ဘာများမှားသွားလို့ မင်းက ဒီလိုဖြစ်သွားတာလဲ? ''
'' မဟုတ်ဘူး...ချန်ရှို့က သမီး မောင်လေးမဟုတ်ဘူး သမီးက ပါးပါးတို့ရဲ့ တစ်ဦးတည်းသော သမီးလေ အဲ့ကောင်က သမီးလမ်းကို ဝင်နှောက်ယှက်နေတာ အဲ့တာကြောင့် သူ့ကို ရှင်းနေတာလေ သမီးဘာမှားလို့လဲ ''
'' အေး ဟုတ်တယ် ချန်ရှို့က ငါတို့သားမဟုတ်သလို မင်းလည်း မဟုတ်ဘူး... အဟက် သရက်ပင်ပေါ်မှာ တခြားအသီးမသီးနိုင်ဘူး ဆိုတာ အခုမှ သိသွားတယ် မင်းလည်း မင်းအဖေလိုပဲ ''
'' ပါး...ပါးပါး အခု..ဘာ..ဘာပြောလိုက်တယ်? အခု ဘာပြောလိုက်တာလဲလို့ သမီး..သမီးက ပါးပါးတို့ရဲ့ သမီးမဟုတ်ဘူးလား...ဟင့်အင်း...မ..မဟုတ်ဘူး... မဟုတ်ဘူး... အားးး..မဖြစ်နိုင်ဘူး ''
လျိုမားမား: ဟယ်...သမီး..သမီး ဘာဖြစ်တာလဲ? ယောက်ျား လုပ်ပါအုံး ဒီမှာ သမီးလေး ခေါ်လို့မရတော့ဘူး
'' အရင်ဆုံး ဆေးရုံပို့ရအောင် ''
'' အင်း ဟုတ်တယ် ဆေးရုံပို့ရအောင် ''
ထို့နောက် သူတို့လည်း လျိုယန်ရင်းကို ဆေးရုံပို့လိုက်တော့သည်
-----------------------------
ဟော်ရန်လွဲ့သည် ချန်ရှို့အကြောင်းတွေ စုံစမ်းရာကနေ လျိုယန်ရင်းအကြောင်းပါ တစ်ခါတည်းစုံစမ်းတော့ သိလိုက်ရတဲ့ အကြောင်းကြောင့် သူဒေါသထွက်လွန်းလို့ တစ်ခါတည်း လျိုယန်ရင်းကို သတ်ပစ်ချင်စိတ်တွေဖြစ်ပေါ်လာတယ်
ESTÁS LEYENDO
Changing Female lead ( System)