1.4

2.4K 270 4
                                        

Unicode

ချန်ရှို့လည်း လျိုယန်ရင်းရဲ့ စကားကို လက်ခံပြီး သူမအိမ်ကို လိုက်သွားတော့သည်
အိမ်ရောက်တော့ လျိုယန်ရင်းရဲ့ မိဘတွေက နွေးနွေးထွေးထွေး ကြိုဆိုလာတာကြောင့် ချန်ရှို့တစ်ယောက် စိတ်ထဲအလွန်ပျော်သွားသည်

'' သားလေး လွတ်လွတ်လပ်လပ်နဲ့ သက်သောင့်သက်သာနေနော် ဘာမှအားနာစရာ မလိုဘူး ''

'' ဟုတ်ကဲ့ အန်တီ ''

'' ဘာအန်တီလဲ မေမေလို့ ခေါ်ရမှာပေါ့ သမီးလေးကိုတောင် မမခေါ်နေပြီးတော့ ''

'' အမ်? ''

'' အော် ဒါကလေ သမီးလေးရင်းအာက သားအကြောင်းအမြဲပြောနေတာလေ ကျောင်းကပြန်လာတာနဲ့ မောင်လေး မောင်လေး ဆိုပြီး သားအကြောင်းစပြောတော့တာပဲ ''

'' အာ....''

'' ပြီးတော့ ရင်းအာက သူငယ်ချင်းတွေကို အိမ်ကိုမခေါ်ဖူးဘူးလေ သားကပထမဆုံးပဲ ''

'' ဘာလို့လဲ ''

'' သူ့မှာ သူငယ်ချင်းမရှိဘူး လို့ပဲပြောနေတာ ''

'' အော် သားမှာလည်း သူငယ်ချင်းမရှိဖူးဘူးလေ ဟီး... ''

'' ဟုတ်လား သားဘာမှ စိတိမပူနဲ့နော် သားရဲ့ မမက သူငယ်ချင်းလည်း ဖြစ်သလို မိသားစုလည်းဖြစ်တယ်နော် ''

'' ဟုတ် အန်...အဲ..မေမေ ''

'' ခိခိ....ကဲ သား ရေမိုးချိုးပြီး ညစာအရင်စားပြီးမှ စာလုပ်ကြပေါ့ ''

'' ဟုတ်ကဲ့ ''

သူတို့လေးယောက်လည်း ညစာစားရင်း စကားစမြည်ပြောကာ အလွန်ရင်းနှီးကြပြီ ဖြစ်သည်
ညရောက်တော့ ချန်ရှို့နဲ့ လျိုယန်ရင်းလည်း စာကြည့်ဖို့ လျိုယန်ရင်းရဲ့ အခန်းကို ဝင်သွားကြသည်
တခနကြာတော့

'' မမ ဟို...ဒါ..နားမလည်လို့ ''

မဝံ့မရဲ့ ပြောလာတဲ့ ချန်ရှို့ကြောင့် လျိုယန်ရင်းပြုံးသွားကာ ပြောလိုက်သည်

''မောင်လေး အားမနာပဲမေးလို့ရတယ်လို့ ပြောပြီးသားလေ ''

'' အာ..ဒါဆို မမကို အားမနာပဲ မေးတော့မယ်နော် ''

'' မေး မေး ''

'' ဒါလေး ''

ဆိုပြီး သူမရှေ့ကို စာအုပ်ထိုးပေးလိုက်သည် လျိုယန်ရင်းလည်း စိတ်ရှည်စွာ ရှင်းပြနေတော့သည်
ရှင်းပြပြီး သူမလည်း စာကို သေချာ အာရုံစူးစိုက်တော့မယ့်အချိန်မှာ ချန်ရှို့ဆီက စာမရလို့ဆိုပြီး မေးလာပြန်တာကြောင့် သူမလည်း နောက်တစ်ခေါက်ပြန်ရှင်းလိုက်သည်

Changing Female lead ( System) Waar verhalen tot leven komen. Ontdek het nu