1.8

2.1K 220 7
                                    

Unicode

ချန်ရှို့နဲ့ ရှန်ဖန်ယွီလည်း အဆင့်မြင့်စားသောက်ဆိုင်ကို ရောက်သွားကြတယ်
သူတို့လည်း အစားသောက်မှာလိုက်ကြပြီး နှစ်ယောက်သားစကားပြောနေကြတော့တယ်

'' အားရှို့နဲ့ ဟော်ရန်လွဲ့က သိတာကြာပြီလား? ''

'' ဟမ်...အာ မကြာသေးပါဘူး ဘာဖြစ်လို့လဲ ''

'' ဒီတိုင်းမေးကြည့်တာပါ ''

ခနနေတော့ သူတို့မှာတာတွေ ရောက်လာတာကြောင့် စကားပြောရပ်ပြီး စားသောက်ကြတော့သည်
စားသောက်တုန်းလည်း ရှန်ဖန်ယွီက သူ့ပန်းကန်ထဲကို ဟိုဟာထည့်ပေးလိုက် ဒီဟာထည့်ပေးလိုက်နဲ့ ဗျာများနေတော့သည်

သူတို့ပြီးတော့ ရှန်ဖန်ယွီက ဂေဟာထိလိုက်ပို့ပေးလိုက်တယ်
ချန်ရှို့လည်း ဂေဟာထဲဝင်ပြီး သူလုပ်နေကျ အရာတွေကို လုပ်ပြီးတော့ ကျောင်းစာကြည့်ကာ အိပ်ယာဝင်လိုက်တော့တယ်

နောက်တနေ့ဟာလည်း တခြားနေ့တွေလို ပုံမှန်အတိုင်းပဲ ကျောင်းသွားလိုက် စာသင်လိုက် နေ့လည်စာစားလိုက်နဲ့
ဒီကြားထဲ ဇာတ်လိုက်မရဲ့ ကံကြမ္မာခိုးယူမှုက 34% ထိတိုးလာတယ်

ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းရှေ့ကို ကားတစ်စီးရပ်လာပြီး လူတစ်ယောက်ထွက်လာတယ် ပြီးနောက် ချန်ရှို့ဆီကိုလျှောက်လာပြီး ဆွဲဆောင်မှုပြင်းတဲ့အသံနဲ့ ပြောလာတယ်

'' အားရှို့ ကိုယ်လိုက်ပို့ပါရစေ ''

'' အကိုဖန်ယွီ အားနာစရာကြီး ကျနော့်ဘာသာပြန်လည်းရပါတယ် ''

'' အားနာစရာမလိုပါဘူး ကိုယ်ကလုပ်ချင်လို့ပါ ကိုယ်တို့လည်းရင်းနှီးသွားတာပေါ့ ''

'' ဒါဆိုလည်း ကောင်းပါပြီ မမကိုရော တစ်ခါတည်း လိုက်ပို့လို့ရမလား ''

'' ရတာပေါ့ ''

ရှန်ဖန်ယွီက အေးဆေးပင် ခွင့်ပြုပေမယ့် လျိုယန်ရင်းဆီက အငြင်းစကားကြားလိုက်ရတာကြောင့် ရှန်ဖန်ယွီတစ်ယောက် မျက်ခုံးပင့်မိသွားသည်

'' မလိုပါဘူး ရှန်သခင်လေး ကျမဘာသာပြန်လို့ရပါတယ် သွားပြီနော် မောင်လေး ''

Changing Female lead ( System) Where stories live. Discover now