2.3

651 60 4
                                        

Unicode

Denny အိပ်ပျော်နေရာက နိုးလာတော့ သူ့စိတ်ထဲ တစ်ခုခုက ကြီးစိုးနေမိတယ် အဲ့တာက Kevin Parks က သူ့သခင်ကို သစ္စာဖောက်တာကြောင့် သူ့ကို မကျေနပ်ပဲ သင်ခန်းစာပေးချင်နေတဲ့ စိတ်က သူ့စိတ်ထဲ လွှမ်းမိုးလာတော့တယ်

အဲ့တာကြောင့် သူဆုံးဖြတ်လိုက်တယ် ဒီကနေခိုးထွက်ပြီး ဇာတ်လိုက်ကောင်ကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်

အခုချိန်က ညနေခင်းဖြစ်တာကြောင့် ထမင်းစားချိန်မရောက်ခင်ထိ သူ့သခင်က အခန်းထဲဝင်လာမှာ မဟုတ်ပေ ဒါကြောင့် သူမရှိတာကို လွယ်လွယ်နဲ့ သိမှာ မဟုတ်ဘူး

အဲ့လိုနဲ့ သူလည်း ထွက်သွားပြင်ဆင်ပြီး ရှောင်ချင်းကို ခေါ်လိုက်တယ်

' ရှောင်ချင်း မင်း ရှိတယ်မလား ထွက်လာအုံး '

[ ရှိတယ် ဘာကိစ္စလဲ host ]

' ကျနော့်ကို ဒီက ထွက်သွားနိုင်ဖို့ ကူညီလို့ရမလား? '

[ ဘာလို့လဲ ]

' ဟို....ကျနော် Kevin ဆီသွားမို့ '

[ host!! မလိုအပ်တာတွေ မလုပ်နဲ့လို့ သတိကပ်ပါအုံး! မူလကိုယ်ရဲ့ စိတ်ခံစားချက်တွေကို အတပ်နိုင်ဆုံးလျစ်လျူရှုဖို့ ကြိုးစားပါ ဟုတ်ပြီလား ]

' အမ်...အင်..အင်း...sorry ကျနော် စိတ်လွတ်သွားတယ် သတိပေးလို့ ကျေးဇူးပါ '

Denny ထိုသို့ ပြန်ပြောလာမှ ရှောင်ချင်းလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်

[ ဟူးးး တော်သေးတယ် host နောက်လည်း သတိထားနော် host က စိတ်စွမ်းအား နည်းသေးတယ်ဆိုတော့ မူလကိုယ်ကို အရမ်းကြီး ထိန်းချုပ်နိုင်အုံးမှာ မဟုတ်ဘူး အဲဒါကြောင့် hostနားမှာ တပ်နိုင်သမျှ အချိန်ပြည့် ကျနော် ရှိနေပေးမယ် ]

' အင်း ကျေးဇူးပါ ရှောင်ချင်းရယ် '

[ မလိုပါဘူး ]

ထို့နောက် Denny လည်း သူ့နေရာတွင် အေးဆေးနေလိုက်ပြီး သူ့သခင်ကို စောင့်နေလိုက်တော့သည်

တစ်အောင့်ကြာတော့ သူ့အခန်းတံခါးဟာ ပွင့်လာပြီး သူ့သခင်ဆိုသူ ဝင်လာတာကြောင့် သူလည်း အံ့သြသွားတယ်

Changing Female lead ( System) Onde histórias criam vida. Descubra agora