1.6

2.1K 230 7
                                    

Unicode

မနက်မိုးလင်းတော့ ထုံးစံအတိုင်း ချန်ရှို့ဟာ နိုးလာသည် သို့ပေမယ့် ခါတိုင်းနဲ့မတူပဲ တိတ်ဆိတ်နေတာကြောင့် ချန်ရှို့ သူ့ရှောင်ချင်းလေးကို မေးလိုက်သည်

' ရှောင်ချင်း ဘာဖြစ်လို့ ဂေဟာမှူးအသံမကြားရတာလဲ '

[ ဇာတ်လိုက်လား? သူမရှိတော့ဘူး ]

' အမ်? ဘာအဓိပ္ပါယ်လဲ? '

[ မနေ့ကတည်းက သူ့အိမ်ပြန်သွားပြီ ]

' အော်.. သူလည်း သူ့မိဘတွေလွမ်းနေမှာပေါ့ '

ရှောင်ချင်းတစ်ယောက် ချန်ရှို့ရဲ့ စကားကြောင့် မရှိတဲ့မျက်လုံးလှိမ့်မိသွားသည်

[ host ဇာတ်လိုက်မှာ မိဘမရှိတော့ဘူး... သူအိမ်ပြန်တာက ကျနော့်အထင်တော့ မနေ့ကကိစ္စကြောင့်လို့ ထင်တယ် ]

' အင်း နင်ပြောမှ သတိရတယ်.. အဲ့တာကြောင့် ဖြစ်လောက်မယ် ဒါပေမယ့် ဘာလို့လဲ '

[ ဇာတ်လိုက်ရဲ့ အမုန်းဆုံးက သူ့စည်းစိမ်ချမ်းသာမှုကြောင့် ချည်းကပ်လာတာကိုပဲ hostက အဲ့လိုပုံစံဖြစ်နေတာကိုး..]

' အောာ် '

ချန်ရှို့လည်း ဘာမှမပြောတော့ပဲ ကျောင်းသွားဖို့ ပြင်ဆင်ကာ ကျောင်းသွားတော့သည်
.
.
.
ချန်ရှို့ကျောင်းရောက်တော့ တခြားနေ့တွေလိုပဲ လျိုယန်ရင်းက စောင့်နေပြီး သူတို့နှစ်ယောက်အတူတူ အခန်းထဲဝင်လာကြသည်

ထို့နောက် စာသက်လိုက် အားတဲ့ချိန်တွေမှာ ချန်ရှို့က
လျိုယန်ရင်းကို စာမေးလိုက်နဲ့ သူမစာကြည့်လို့မရအောင် လုပ်နေတော့သည်

ကျောင်းဆင်းတဲ့ အချိန်ကျတော့လည်း ချန်ရှို့က လျိုယန်ရင်းရဲ့ အိမ်ကို လိုက်ပြန်သည်

နေ့တိုင်းချန်ရှို့ဟာ လျိုယန်ရင်းရဲ့ အိမ်ကို လိုက်နေတာကြောင့် သူမရဲ့ မိဘတွေနဲ့လည်း အတော်ရင်းနှီးနေပြီး သူ့ကို သူတို့သားအရင်းလို ဂရုစိုက်ကြသည်

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာတော့သည် ချန်ရှို့လည်း ဂေဟာပြန်လေ့ရှိပေမယ့် ဂေဟာမှူးကိုတော့ ထိုနေ့ကစပြီး မတွေ့ရတော့ပေ သူ့ကို မဆက်သွယ်လာပေ

Changing Female lead ( System) Tempat cerita menjadi hidup. Temukan sekarang