Unicode
ဖန်ရှီးယောင် သူရောက်နေတဲ့ နေရာကိုစူးစမ်းကြည့်လိုက်တော့ လမ်းဘေးမှာထိုင်နေတယ်ဆိုတာ သိလိုက်ရတယ်
သူ့ရှေ့မှာလည်း ခွက်လိုလိုအရာတစ်ခုကို တွေ့ရပြီး ထိုထဲမှာလည်း ပိုက်ဆံအနည်းငယ်ကို တွေ့ရတာကြောင့် ဖန်ရှီးယောင်တစ်ယောက်စိတ်ထဲ ထူးဆန်းသွားသည်
' ရှောင်ချင်း ဒါ....ငါထင်သလိုတော့ မဟုတ်ဘူးမလား...'
[ ဟုတ်ပါတယ်..host.. မူလခန္တာကိုယ်ပိုင်ရှင်က သူတောင်းစားပါ... ]
' .... '
ထိုစကားကို ကြားပြီးနောက် ဖန်ရှီးယောင် ခနတာမျှ ဆွံအသွားရတယ် နောက်တော့မှ တုန့်ပြန်လာတော့တယ်
' ဘယ်လို!!.. ဘာလို့ သူတောင်းစားကိုယ်ထဲလဲ '
[ ဒီတိုင်း ထည့်ချင်လို့လေ....ကဲ....ခုတော့ မူလကိုယ်ရဲ့ အကြောင်း အရင်ပြောပြမယ်...... နာမည်က ချန်ရှို့ ဖြစ်ပြီးအရင်က မိဘမဲ့ဂေဟာမှာ နေတဲ့သူ... သူက သိတတ်စအရွယ်ကတည်းက အနိုင်ကျင့် ခံရလေ့ရှိတယ် အရွယ်ရောက်လာတော့ အဲဒီမိဘမဲ့ဂေဟာမှာ မနေချင်တော့တာကြောင့် အပြင်ထွက်လာပြီး အလုပ်လုပ်ဖို့ ကြိုးစားတယ် သူက စာလည်းမတတ်တော့ ဘယ်ကနေ ဘယ်လိုစရမလဲ ဆိုတာမသိတာကြောင့် အရင်ဆုံး သူများဆီက တောင်းမယ်လို့ စိတ်ကူးပြီး လမ်းဘေးမှာ ထိုင်တာပါ ဒီလိုနဲ့ တစ်နေ့မှာတော့ လမ်းဖြတ်ကူးတုန်း ယဥ်စည်းကမ်းတွေ ဘယ်လိုလမ်းဖြတ်ကူးရမယ်ဆိုတာတွေ ဘာမှမသိတော့ ကားတိုက်ခံရပြီး သေသွားတာပါ... ]
' ဘာလို့လဲ '
[ host က ဘာကိုပြောချင်တာလဲ]
' လမ်းဘယ်လို ဖြတ်ကူးရမယ်ဆိုတာတောင် ဘာလို့မသိရတာလဲ '
[ ပြောပြီးသာလေ စာမတတ်ဘဲ နေလာတာလေ ပြီးတော့ အမြဲ အနိုင်ကျင့်ခံရတော့ ဥာဏ်ထိုင်းသွားတာကြောင့်ပေါ့... အော်.. ပြီးတော့ပြောအုံးမယ်...လုံးဝ ooc လို့ မရဘူးနော် ]
' ဘာ....ဒါဆို...မူလပိုင်ရှင်လို့ သေသွားရမှာလား '
[ အဲလိုပြောတာမဟုတ်ပါဘူး အပြုအမူတွေကို မူလကိုယ်အတိုင်းပဲ နေရမှာပါ ဒါပေမယ့် တဖြည်းဖြည်းပြောင်းလဲရင်တော့ ရပါတယ်]
![](https://img.wattpad.com/cover/279073302-288-k366168.jpg)
YOU ARE READING
Changing Female lead ( System)