Unicode
'' အကို...အကိုရန်လွဲ့ ''
ဟော်ရန်လွဲ့ အခန်းထဲဝင်လာတော့ ထိတ်လန့်ဟန်နဲ့ လှည့်လာတဲ့ သူကြောင့် အောက်က ချန်ရှို့ လွှတ်ကျနေတဲ့ ဖုန်းကို ကောက်ယူပြီး ကြည့်လိုက်တော့ call log ကထိတ်ဆုံးတွင် ရှိနေတဲ့ နာမည်က ရှန်ဖန်ယွီ ဆိုတဲ့ လူကြောင့် ဒေါသက ထိတ်ခနဲထွက်လာသည်
'' ဘယ်သူ့ကို ဖုန်းဆက်ဖို့လုပ်တာလဲ... ဟမ်! ''
'' ဟို...ဟိုကျနော်လည်း ဘယ်နေရာရောက်နေမှန်းမသိတော့.. အဲ့ဒါကြောင့်...''
'' အဲ့တော့ မင်းစိတ်ထဲပေါ်လာတဲ့သူက ဒီကောင်ပေါ့ ''
တဖြည်းဖြည်း အသံမာလာတဲ့ သူကြောင့် ချန်ရှို့လည်း တုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်တယ်
'' အ..အစကတော့..အကိုရန်လွဲ့ကို...ဆက်..ဆက်မလို့ပေမယ့် ဒါပေမယ့် ကျနော့်ကြောင့် အကိုစိတ်ရှုပ်မှာစိုးလို့...''
'' အဟက်...အရမ်းကောင်းတယ် တော်တော်ကောင်းတယ် ''
'' အ..အကို...ဟို..ကျနော့်ကို လွှတ်ပေး.... ''
'' ဘာလဲ ဟိုကောင့်ဆီ သွားဖို့လား... မင်းမှတ်ထားရမှာက မင်းဘဝမှာ ဘယ်သူမှမရှိဘူး ကိုယ်ကလွဲပြီး ကိုယ့်ကိုပဲ အားကိုး ၊ ကိုယ့်ကိုပဲသတိရ ၊ မင်းဒုက္ခရောက်ရင်လည်း ကိုယ့်ကိုပဲ အရင်ဆုံးပြော ၊ နောက်ဆုံးတစ်ခုက အားရှို့က ကိုယ့်အပိုင်ပဲဆိုတာ သေတဲ့ထိမှတ်ထား!! ''
'' ဟင့်အင်း...မဟုတ်...မဟုတ်ဘူး... ကျ..ကျနော့်ကိုလွှတ်ပေးပါ ''
'' မရဘူးလို့!! ''
'' ဟင့်အင်း...ကျနော်ကြောက်တယ်...အကိုဖန်ယွီ အဟင့်...ကျနော့်ကို ကယ်ပါ ''
တဖြည်းဖြည်းပြောင်းလဲပီး ကြောက်စရာကောင်းလာတဲ့ ဟောရန်လွဲ့ရဲ့ ပုံစံကြောင့် ချန်ရှို့လည်း နှုတ်ဖျားမှ ရှန်ဖန်ယွီကို တမိလိုက်သည်
'' အဟက်...ကောင်းပြီလေ မင်းချစ်ရတဲ့ ရှန်ဖန်ယွီ ဆိုတဲ့လူကို ကိုယ်က ဘယ်လိုဖျက်ဆီးမလဲဆိုတာကို ကြည့်ထားလိုက်ပါ အဲ့ခါမှ အားရှို့မှာ ဟော်ရန်လွဲ့ဆိုတဲ့ ကိုယ်ပဲ ရှိလာ
လိမ့်မယ် ... နောက်ပြီး အားရှို့ ဒီက ထွက်ပြေးဖို့ မကြိုးစားတာ ကောင်းမယ် ''
VOCÊ ESTÁ LENDO
Changing Female lead ( System)