2.2

1.2K 136 18
                                    

Unicode

တအောင့်ကြာတော့ Jakeနဲ့အတူ လူတစ်ယောက် ရောက်လာတယ်
ထိုသူဟာ ၂၅နှစ်အရွယ်လောက်ရှိပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ အနည်းငယ် တောင့်တင်းတဲ့ ခန္တာကိုယ်ရှိတယ်

'' မင်းနာမည်? ''

Jone Miltonက ပုံမှန်လေသံနဲ့ မေးလိုက်တယ်

'' Deanပါ boss ''

'' အဟက် ငါက boss ဆိုတာ သိသားပဲ ''

'' boss ဘာပြောချင်တာလဲ ကျနော်နားမလည်ဘူး ''

မသိနားမလည်းသလို မျက်နှာထားနဲ့ ပြန်လည်မေးတာကြောင့် Jone တစ်ယောက် စိတ်မရှည်ချင်တော့

'' ငါ့ခွင့်ပြုချက်မပါပဲ baby ကို ဘာတစ်ခုမှ မပေးရဘူး ဆိုတာ မေးသွားတာလား ဒါမှမဟုတ် ငါ့ကို မင်းရဲ့ boss လို့ရော မှတ်သေးလား ''

'' မ..မဟုတ်..''

ထိုစကားကို ကြားတော့ Deanမှာ တုန်လှုပ်သွားပြီး ချက်ချင်းပင် ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်တယ်

'' boss ကျ..ကျနော်..တောင်းပန်ပါတယ်.. နောက်မလုပ်တော့ပါဘူး အဲ့တုန်းက De..Denny က ရေဆာတယ်ဆိုလို့ ကျနော် သူ့ကို ရေပေးလိုက်တာပါ.. တောင်းပန်ပါတယ် နောက်ခါ သူ့ကို boss ခွင့်ပြုချက်မပါပဲ ဘာမှ မလုပ်တော့ပါဘူး ''

'' ကျစ်! ငါပြောတာ အဲ့ဒါမဟုတ်ဘူး အဓိကက အဲ့ရေထဲမှာ မင်းထည့်လိုက်တဲ့အရာကို ပြောတာ ဘယ်သူခိုင်းတာလဲ? ''

'' ဟမ်...ဘ..ဘာတွေပြောနေတာလဲ? ကျနော်က ဘာမှ မလုပ်ပါဘူး ဒီတိုင်းရေဘူးထဲက ရေကို ခွက်ထဲ
ထည့်ပြီး ပေးလိုက်တာပါ ''

'' မင်းက လိမ်ပြောချင်နေသေးတယ်ပေါ့ Jake သူ့ကို....''

'' Boss! ကျနော် တကယ်ပြောတာပါ ကျိမ်ပြောပါတယ် ကျနော်မလိမ်ပါဘူး ''

'' သေချာလား? ''

'' ဟုတ်..သေချာပါတယ် ''

Deanရဲ့ မျက်ဝန်းထဲက တည်ငြိမ်ပြတ်သားမှုကို တွေ့တော့ Jone လည်း သူ့လက်ထောက်ကို လှည့်ပြောလိုက်တယ်

'' Jake ဒီကိစ္စကို သေချာစုံစမ်း အသေးဆုံးကိစ္စလို့ထင်တဲ့အရာက နောက်ခါကျ အရေးကြီးဆုံးအရာဖြစ်နိုင်တယ် ''

Changing Female lead ( System) Hikayelerin yaşadığı yer. Şimdi keşfedin