1.14

1.9K 170 2
                                    


Unicode

ချန်ရှို့လည်း ဟော်ရန်လွဲ့ပြောတာကို နားထောင်ပြီး သူပွေ့ချီရာနောက်ကို တိတ်တိတ်လေးလိုက်လာတော့တယ်

သူ့ကို ဟော်ရန်လွဲ့က ရေချိုးခန်းဆီကို ခေါ်လာပြီး ကိုယ်လက်သန့်စင်ပေးပြီး သွားတိုက်ပေးတော့ အစက သူဘာသာလုပ်မယ်လို့ ပြောပေမယ့် ဟော်ရန်လွဲ့ရဲ့ အကြည့်စူးစူးအောက်မှာပဲ သူလုပ်ပေးတာကို အေးဆေးငြိမ်ခံလိုက်တော့တယ် ပြီးတော့ မျက်နှာသစ်ပေးလာတာကြောင့် သူလည်း ခေါင်းကို အနည်းငယ် မော့ပေးလိုက်တော့ ဟော်ရန်လွဲ့ဆီက ရယ်သံခပ်ဖွဖွလေးကို ကြားလိုက်ရတယ်

နောက်တော့ ရေချိုးခန်းက ထွက်လာပြီး အင်္ကျီလဲပေးပြန်တယ် ပြီးသွားတော့ ချီလျက်အတိုင်းပဲ ထမင်းစားခန်းကို ဝင်လာပြီး ထိုင်ခုံမှာဝင်ထိုင်ကာ သူကတော့ ဟော်ရန်လွဲ့ရဲ့ ပေါင်ပေါ်မှာ ဘေးတစ်စောင်းလေးထိုင်နေတယ်

အစေခံတွေဆီ အစားစာချပေးဖို့ ပြောလိုက်ပြီး ၅မိနစ်အတွင်းမှာပဲ အားလုံးပြီးစီးကာ စားဖို့အသင့်ဖြစ်နေသည်

ဟော်ရန်လွဲ့သည် သူ့ရှေ့က ဇွန်းကို ကောက်ကိုင်လိုက်ကာ သူအရင်စားကြည့်လိုက်ပြီး အဆင်ပြေတော့မှ ချန်ရှို့ကို ကျွေးလိုက်တယ်

ချန်ရှို့တစ်ယောက် ဟော်ရန်လွဲ့ခွံ့ကျွေးတာကို အေးဆေးစားရင်း အတွေးနယ်ချဲ့နေတော့တယ်
သူဒီမနက်ထကတည်းက ဟော်ရန်လွဲ့ဆီက ထူးဆန်းတဲ့ အကြောင်းအရာတွေကို ကြားရပြီးတော့ သူကိုယ်တိုင် ဘာမှလုပ်စရာမလိုပဲ ထိုလူကြီးက အားလုံးလုပ်ပေးနေတော့ မသိရင် သူကပဲ မွေးကင်းစကလေးလို ဖြစ်နေပြီ

'' အားရှို့ ဘာတွေတွေးနေတာလဲ? ''

'' အကိုကပဲ ကျနော့်ကို အရာရာမှာ အသေးစိတ်ကအစ ဂရုစိုက်ပြီးလုပ်ပေးနေတော့ နောက်ကျရင် အကိုမရှိပဲ ကျနော်တစ်ယောက်တည်း ဘာမှလုပ်တတ်မှာမဟုတ်တော့ဘူး ''

'' ဟဟ...အားရှို့ရာ...ကိုယ်က တစ်သက်လုံး အားရှို့ဘေးမှာ နေပြီး ဂရုစိုက်နေမှာလေ ဘာလို့စိတ်ပူနေတာလဲ ''

'' ဒါပေမယ့်..... ''

'' ရှူး ဘာမှ စိုးရိမ်စရာမလိုဘူး ကိုယ်အားရှို့ကိုလည်း ထားသွားမှာမဟုတ်ဘူး အားရှို့က ကိုယ့်ရဲ့ အရာရာပဲ... ဒါကြောင့် ဘာမှမတွေးနဲ့တော့ ဟုတ်ပြီလား ''

Changing Female lead ( System) Tempat cerita menjadi hidup. Temukan sekarang