1.12

2.1K 244 21
                                        

Unicode

ချန်ရှို့လည်း ဘာမှမသိသလို ဟန်ဆောင်ကာ လျိုယန်ရင်းဆီကို လျှောက်လာလိုက်သည်
ထိုအခါမှ လျိုယန်ရင်းလည်း သူမအမူအရာကို အမြန်ပြင်ကာ ပြုံးလိုက်သည်

'' မမ ရောက်တာ ကြာပြီလား ''

'' မကြာသေးပါဘူး ခုနလောက်ကပဲ ဝင်ရအောင်လေ ''

'' အင်း ''

အခန်းထဲရောက်တာနဲ့ လူတွေဟာ ချန်ရှို့နားရောက်လာပြီး စကားပြောလာကြသည်

'' မင်းက စာမေးပွဲမှာ ပထမရတဲ့သူမလား? ''

'' ဟုတ်တယ်...ဘာလို့လဲဟင်? ''

'' ငါတို့က ခင်ချင်လို့ပါ သင်ခန်းစာ နားမလည်တာတွေရှိရင်လည်း မေးလို့ရတယ်မလား ''

မျက်မှန်လေးနဲ့ အေးအေးဆေးဆေးပုံစံရှိတဲ့ ကောင်လေးတစ်ယောက်နဲ့ ထိုကောင်လေးထက် ကောင်းတစ်လုံးစာ ​အရပ်မြင့်တဲ့ ကောင်လေးနှစ်ယောက်ဟာ ချန်ရှို့ဆီကို လာကာ ပြောလိုက်ခြင်းပင်

ချန်ရှို့လည်း မျက်မှန်နဲ့ကောင်လေးကို ကြည့်တော့ သူ့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေပြီး နောက်တစ်ယောက်ကို ကြည့်လိုက်တော့ ခက်ထန်တဲ့အကြည့်တွေနဲ့ သူ့မျက်ဝန်းထဲတွင်လည်း 'မင်းငြင်းရဲငြင်းကြည့် ငါ့အကြောင်းသိစေရမယ် '
ဆိုတဲ့ အကြည့်ဖြင့် စူးစိုက်ကြည့်နေတာကြောင့် ချန်ရှို့လည်း အနေရခက်စွာ ချောင်းဟမ့်လိုက်ပြီး ပြန်ပြောလိုက်သည်

'' အာ...ရတာပေါ့ သူငယ်ချင်းများတော့ ပျော်ဖို့ကောင်းတာပေါ့ ''

ချန်ရှို့လည်း ထိုသို့ပြောလိုက်မှ ခုနက သူ့ကို စူးစိုက်ကြည့်နေတဲ့ သူ့ရှေ့က ကောင်လေးဟာ သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်ပြီး သူ့ဘေးက မျက်မှန်နဲ့ ကောင်လေးကို လှည့်ကြည့်ကာ ခေါင်းပုတ်ပေးပြီး ' ကဲ ရှင်းအာ လိုချင်တာရပြီဆိုတော့ ကိုယ်တို့ခုံမှာသွားထိုင်ရအောင် ' လို့ပြောပြီး ထိုနေရာက လှည့်သွားကြတော့သည်

'' မင်းက ချန်ရှို့လား...ပထမရတဲ့သူ ဆိုတာလေ ''

ခနနေတော့ အခန်းထဲက မိန်းကလေးတစ်သိုက်က ရှေ့ထွက်လာကာ မေးလာတာကြောင့် ချန်ရှို့လည်း ခေါင်းငြိမ့်ပြလိုက်သည်

Changing Female lead ( System) Tempat cerita menjadi hidup. Temukan sekarang