2.1

1.3K 134 4
                                        

Unicode

( အပေါ်က media ထဲက ပုံက MC ဝင်တဲ့ Denny character နဲ့ အနီးစပ်ဆုံး ယူထားတဲ့ ပုံပါ )

ဖန်ရှီးယောင်တို့အိမ်ပြန်ရောက်တော့မှ ဒီကမ္ဘာရဲ့ မူလခန္တာကိုယ်ပိုင်ရှင်အကြောင်းကို စတင်ဖတ်ရှုတော့တယ်

မူလခန္တာကိုယ်ပိုင်ရှင်ရဲ့ နာမည်အမှန်က
Tristin Wellingson ဖြစ်ပြီး အလယ်အလတ်တန်းစားမိသားစုက ဖြစ်တယ်

Tristin ၁၃နှစ်မှာတော့ သူ့မိဘတွေဟာ လူကုံထံအသိုင်းအဝိုင်းက တစ်ချို့ကို အပြစ်လုပ်မိသွားလို့ အခက်အခဲတွေကြုံလာရတယ် သူတို့ရဲ့လူသိမများလှတဲ့ ကုမ္ပဏီလေးဟာလည်း ဒေဝါလီခံရလုနီးပါးဖြစ်သွားခဲ့တယ်

သူတို့ဘယ်လောက်ကြိုးစားပြီး ရုန်းကန်းနေပါစေ ထိုလူတွေကို မတွန်းလှန်နိုင်ခဲ့ဘူး နောက်ဆုံးတော့ သူတို့လည်း စိတ်ဓာတ်ကျပြီး အဆုံးစီရင်လိုက်ကြတော့တယ်

Tristin ဟာလည်း အခန်းထဲက သူ့မိဘတွေရဲ့ အလောင်းတွေကို တွေ့တော့ ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ပြီးနောက် အခန်းထဲက ပြေးထွက်သွားကာ လမ်းတွင်
Jone Milton ဆိုတဲ့ လူနဲ့ တွေပြီး ထိုလူက သူ့ကို ခေါ်သွားပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်ခံရပြီး brain wash လုပ်ခြင်းကိုလည်း ခံရတော့ Tristin ဟာ အားလုံးကို မေ့သွားပြီး သူသိတဲ့တစ်ခုတည်းသောအရာကတော့ Jone Milton ဆိုတဲ့ လူရဲ့စကားကိုနားထောင်ပြီး ခိုင်းတာလုပ်ဖို့ပဲ့ ဖြစ်တော့တယ် နောက်တော့ သူ့နာမည်ကိုလည်း Tristin wellingson လို့မခေါ်တော့ပဲ Denny လို့ပြောင်းပေးလိုက်တော့တယ်

လေ့ကျင့်မှုတွေ အားလုံးပြီးဆုံးသွားတော့ အသေအကြေပြိုင်ပွဲတွေမှာ ပါဝင်ခိုင်းပြီး တိုက်ခိုက်ခိုင်းလေ့ရှိတယ်

Denny ဟာ လူကောင်သေးပေမယ့် Jone milton ရဲ့ပြင်းထန်တဲ့ လေ့ကျင့်ပေးမှုတွေကြောင့် အတိုက်ခိုက်တော်ပြီး သူ့ပြိုင်ဘက်ကို အမြဲသတ်ဖြတ်နိုင်တာကြောင့် လူတော်တော်များများရဲ့ သဘောကျခြင်းခံရပြီး တစ်ချို့ဆို သူ့ကို ဝယ်ချင်တဲ့သူတွေလည်း ရှိလာကြတယ်

ဒါပေမယ့် Denny က brain wash လုပ်ခြင်းခံရတာကြောင့် Jone milton ရဲ့ စကားကလွဲပြီး တခြားလူတွေကို ရှိတယ်လို့တောင် မထင်ပေ

Changing Female lead ( System) Où les histoires vivent. Découvrez maintenant