1.10

2.1K 205 3
                                    

Unicode

လဲကျနေတဲ့ ချန်ရှို့ဆီကို တဖြည်းဖြည်း လျှောက်လာပြီး သူ့လက်က တုတ်ချောင်းကို အပေါ်မြောက်လိုက်ပြီး ချန်ရှို့ရဲ့ဒူးခေါင်းကို အားနဲ့ ရိုက်ချလိုက်တယ်

* ဖောင်း!! *

'' အားးးးးးး ''

'' အိုး ဆော်ရီး ကိုယ်မထိန်းနိုင်လိုက်လို့ အားအများကြီးသုံးသွားတယ်... အဟက်....ကဲ အားရှို့လည်း လမ်းမလျှောက်နိုင်တော့ဘူးဆိုတော့ ကိုယ်က ချီရမှာပေါ့ ''

ထို့နောက် သူကိုင်ထားတဲ့ တုတ်ကို ပစ်ချလိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်ပြီး ချန်ရှို့ကို အသာလေး ပွေ့ချီလိုက်တယ်

ချန်ရှို့ကတော့ ဟော်ရန်လွဲ့ရဲ့ လက်မောင်းတွေကြားထဲ တရှုံ့ရှုံငိုရင် လိုက်ပါလာတော့တယ်

သူတို့အခန်းထဲရောက်တော့ ချန်ရှို့ကို ကုတင်ပေါ်ချပေးလိုက်ကာ မျက်နှာကို ကြည့်လိုက်တယ်

'' အားရှို့ကိုယ်တကယ် မင်းကို ချစ်တာပါ ကိုယ့်အချစ်ကို မြင်အောင်ကြည့်ပေးပါ...နော်...ပြီးတော့ အားရှို့ကို လက်လွှတ်မပေးနိုင်လို့လည်း တောင်းပန်ပါတယ် ''

ထို့နောက် ချန်ရှို့ ပါးပေါ်က မျက်ရည်များကို လျှာဖြင့်လျက်လိုက်ပြီး နှုတ်ခမ်းနှစ်ခုကို ထပ်တူကျစေလိုက်တယ်
အပေါ်တစ်လှည့် အောက်တစ်လှည့်နဲ့ ဖြည်းဖြည်းချင်း နမ်းပြီးနောက် ချန်ရှို့ရဲ့ ပါးနှစ်ဖက်ကို ညစ်လိုက်ကာ အတွင်းထဲသူ့လျှာကို လျှိုဝင်လိုက်တယ်

'' အွတ်...အကို...အွန်း...အသက်...ရှုူ... ''

* ပြွတ်စ် *

'' ကိုယ်ပြောတာကို မှတ်ထားပါ ခဏခဏသတိပေးစရာမလိုအောင်လို့ အားရှို့ကို ကိုယ်ပဲပိုင်တယ် ကိုယ့်ကိုပဲ ချစ်ရမယ် အားရှို့ရဲ့ အတွေးထဲမှာလည်း ကိုယ်ပဲရှိရမယ် မင်းရဲ့ ခန္တာကိုယ်ရော စိတ်ဝိဥာဥ်ရော အားလုံးကိုယ့်အတွက်ပဲဖြစ်ရမယ် ''

'' အဟင့်...ကျ..ကျနော်...တောင်းပန်ပါတယ် ကျနော့်ကို မရိုက်ပါနဲ့တော့...ကျနော် ထွက်မပြေးတော့ပါဘူး...
ဟင့်အင်း..မဟုတ်ဘူး...ကျနော့်ကို လွှတ်မြောက်ခွင့်ပေးပါတော့...ကျနော် ခင်ဗျားနဲ့ မနေချင်ဘူး ''

Changing Female lead ( System) Where stories live. Discover now