Unicode
ချန်ရှို့ နဲ့ လျိုယန်ရင်း လည်း တစ်နေကုန်ကျောင်းမှာနေပြီး စာသင်လိုက် စကားပြောလိုက်နဲ့ တစ်ယောက်ကိုတစ်ယောက်လည်း အတော်ရင်းနှီးနေပြီဖြစ်သည်
ဒီလိုနဲ့ တစ်နေ့တာဟာ ကုန်ဆုံးသွားပြီး ကျောင်းဆင်းချိန်ရောက်လာတော့သည်
'' မောင်လေး ဂေဟာမှာ နေရတာ အဆင်မပြေရင် မမတို့အိမ်မှာ လာနေလို့ရတယ်နော် ''
'' ဟုတ် ကျေးဇူးပါ မမ ကျနော်အဆင်ပြေပါတယ် ''
'' အင်းပါ ဒါဆိုလည်း ဂရုစိုက်ပြန်နော် ''
'' ဟုတ် မမလည်း ဂရုစိုက် ''
'' အွင်းအွင်း.. ''
ချန်ရှို့လည်း လျိုယန်ရင်းကို နှုတ်ဆက်ပြီး ထွက်လာတော့ လျိုယန်ရင်းတစ်ယောက် ချန်ရှို့နောက်ကျောကို ရပ်ပြီး ကြည့်နေသည်
'' တကယ် ချစ်စရာလေး ''
ချန်ရှို့ကို သူမအမြင်မှ ပျောက်သွားသည်အထိ ကြည့်ပြီးနောက် သူမလည်း အိမ်ပြန်တော့သည်
---------------------------------
ချန်ရှို့ ဂေဟာပြန်ရောက်တော့ သူ့အခန်းရှေ့မှာ လူတစ်ယောက်ရပ်နေတာကို တွေ့တော့ အမြန်ပြေးသွားလိုက်သည်
အနားရောက်တော့ ထိုလူက ဂေဟာမှူးဖြစ်နေသည်'' ဂေဟာမှူး ဒီကို ဘာကိစ္စရှိလို့လဲ? ''
'' ဘာမှတော့ မဟုတ်ပါဘူး ဒီနေ့က အားရှို့ရဲ့ ကျောင်းစတက်တဲ့နေ့ဆိုတော့ အဆင်ပြေလား? ''
'' အင်း အဆင်ပြေတယ် သူငယ်ချင်းအသစ်တွေလည်း ရတယ် အရမ်းပျော်စရာကောင်းတယ်..... ဒါတွေအားလုံး ဂေဟာမှူးကျေးဇူးကြောင့်ပါ ကျနော့်ကို ကျောင်းတက်ဖို့ ကူညီခဲ့လို့ ကျေးဇူးတင်ပါတယ် ''
ခါးညွှန့်ကာ အလေးအနက်ပြောလာတဲ့ ချန်ရှို့ကြောင့် ဂေဟာမှူးတစ်ယောက် စိတ်ထဲအလိုမကျမှု အနည်းငယ်ဖြစ်ပေါ်လာသည်
'' မလိုပါဘူး အားရှို့...ဒါဆို ကိုယ်သွားပြီ ''
တစ်ဖက်က ပြန်ပြောလာတာကိုတောင် မစောင့်ပဲ ဂေဟာမှူး အမြန်ပင် ထွက်လာတော့သည် စိတ်ထဲဘာကို စိတ်တိုနေမှန်းလည်း မသိ... ထို့ကြောင့် သူလည်း အပြင်ထွက်ကာ တစ်နေရာကို ဦးတည်တော့သည်
![](https://img.wattpad.com/cover/279073302-288-k366168.jpg)
KAMU SEDANG MEMBACA
Changing Female lead ( System)