Ep 3 👻(Unicode)
သုံးနှစ်ကြာပြီးနောက်
🗓2021ခုနှစ်,ဘန်ကောက်မြို့"Mr.Putthipong ရှင့် interviewဖြေဖို့ကြွပါ"
အနက်ရောင်စကတ်အတိုဝတ်ထားသည့်မိန်းကလေးက အခန်းတစ်ခုရဲ့ရှေ့မှာရပ်ကာ interviewဖြေဖို့အလှည့်ကျတဲ့သူတွေရဲ့နာမည်ကိုရေရွတ်ပေးနေသည်။ Interviewဖြေမယ့်သူတွေအကုန်ထိုင်စောင့်နေကြပေမယ့် ဒီတစ်ခါအလှည့်ကျတဲ့သူကတော့ နေရာမှာမရောက်သေးပေ။
"Mr.Putthipongမရှိဘူးလားရှင့်"
ဒုတိယတစ်ကြိမ်ခေါ်သော်လည်း ဘယ်သူ့ဆီကမှအဖြေမလာ။
"ဒါဆိုနောက်တစ်ယောက်..."
"ကျွန်တော်ရောက်ပါပြီဗျ...ကျွန်တော်က Mr.Putthipongပါ"
အမောတကောနဲ့ ထော့နဲ့ထော့နဲ့လမ်းလျှောက်လာတဲ့ Billkinက နောက်တစ်ယောက်မခေါ်ခင်အချိန်မှီပြောနိုင်လိုက်သည်။"ဒါဆိုဝင်ခဲ့ပါ..."
Suitကိုသေချာပြင်ဝတ်ကာချွေးမြန်မြန်သုတ်ပြီး Interviewဖြေရမည့်အခန်းထဲသို့အမြန်လိုက်ဝင်လိုက်ရသည်။
"Mr.Putthipongနော်..."
"ဟုတ်"
"ထိုင်ပါ"
Interviewတဲ့သူကနှစ်ယောက်...
နှစ်ယောက်ထဲကတစ်ယောက်က ဝတ်စားပုံကအစ လူကြီးလူကောင်းမှန်းသိသာသည်။
Kinအခုလို အကောင်းဆုံးဝတ်စားလာပြီးရွှိုင်းလာခဲ့တာတောင် ထိုလူကြီးကိုလုံးဝမမှီ။ သူဝတ်ထားတာတွေကလည်း Branded တွေချည်း။
ဒီကုမ္ပဏီရဲ့ရာထူးအကြီးဆုံးဖြစ်နိုင်သည်ဟု Kinကောက်ချက်ချမိသည်။ထိုလူကြီးရဲ့ ဘေးမှာထိုင်နေတဲ့ နောက်တစ်ယောက်က Kinရဲ့ CV formကိုလှန်ကြည့်ကာ မေးခွန်းစမေးသည်။
"Sunflower and Sun Fashion Companyကိုဘာလို့လျှောက်ဖြစ်တာလဲ"
"ကျွန်တော်ဒီအလုပ်နဲ့ကိုက်ညီမယ်ထင်လို့ပါ..ပြီးတော့ Design ဆွဲရတာကို သဘောကျလို့ပါ"
"မင်းကြည့်ရတာမောနေပုံပဲ ပြေးလာတာလား"
"ဟုတ်ပါတယ်"
"ခုနကနာမည်ခေါ်တာလည်းတော်ရုံနဲ့မပေါ်လာဘူး ဘာလို့Interviewဖြေရမှာကိုနောက်ကျနေတာလဲ"
![](https://img.wattpad.com/cover/277668084-288-k231533.jpg)
YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfiction"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰