- Final -

273 27 8
                                    

Finale 👻💞

"ဒါ ကိုကို့တိုက်ခန်းလားဟင်"

တိုက်ခန်းရှေ့ရောက်တော့ Kin တံခါးLockဖွင့်နေတုန်းမှာ
PPကခုမှရောက်ဖူးသည့်ပုံစံလေးနဲ့မေးရှာသည်။
အင်းပေါ့လေ..PPက ခုထိဘာမှမမှတ်မိသေးဘူးကိုး။

"ဟုတ်တယ် P"

"ကောင်းလိုက်တာ ကိုကိုက ဒီအရွယ်နဲ့ တိုက်ခန်းကော ကားပါဝယ်နိုင်နေပြီပဲ"

"တိုက်ခန်းကတော့ ကိုကိုပိုက်ဆံစုပြီးဝယ်ထားတာပေမယ့် ကားကတော့ ကိုကို့အဖေပေးတာ
အလုပ်ကိုနေ့တိုင်းဘတ်စ်ကားစီးသွားရတာ
မကြည့်ရက်လို့တဲ့"

"ကိုကို့ဖေဖေက ချစ်ဖို့ကောင်းလိုက်တာ"

PPရဲ့စကားကြောင့် Kinသဘောကျစွာပြုံးမိတယ်။
Kinရဲ့မိဘတွေက PPကိုမြင်ရင်ချစ်ကြမှာသေချာပါတယ်

တံခါးလော့ခ်ဖွင့်သွားတာနဲ့
အခန်းထဲမှာပထမဆုံးမြင်လိုက်ရတာကတော့
တံခါးရှေ့မှာအသင့်စောင့်နေတဲ့ BillPလေးပါပဲ။
BillPလေးက သူ့သခင်ကိုပြန်တွေ့ရတာကြောင့်
အရမ်းပျော်လို့နေတယ်။

"ဝု....ဝု"

အမြှီးလေးနှံ့ပြီး PPခြေထောက်လေးနားမှာ
ပတ်ပြေးနေလေရဲ့။

"ဟယ်....ခွေးသေးသေးလေးပါလား
ချစ်ဖို့ကောင်းလိုက်တာ"

PPက ကောက်ပြီးပွေ့ချီလိုက်တဲ့အခါ
ခွေးလေးကလျှာလေးတစ်လစ်တစ်လစ်ထုတ်ရင်း
PPကိုကြည့်နေတော့ ခေါင်းလေးကိုအသာလေး
ပြန်ပွတ်ပေးလိုက်တယ်။

"ကိုကို့ရဲ့ ခွေးလေးက PPကိုချစ်တယ်ထင်တယ်
သိလား..."

"ချစ်မှာပေါ့ အဲ့တာ ပီ့ရဲ့ခွေးလေးပဲဟာ"

"ဟင်...PPရဲ့ခွေးလေးဟုတ်လား"

"ဟုတ်ပါ့ဗျာ...ပီကိုယ်တိုင်အိမ်ကိုခေါ်လာတာ
ခွေးလေးရဲ့နာမည်တောင် ပီပဲပေးထားတာလေ"

"ဘာတဲ့လဲ နာမည်လေးက"

"BillPတဲ့...ကိုကိုနဲ့ PPနာမည်ကို ပေါင်းပြီးပေးထားတာတဲ့လေ အတတ်လေး"

"ဟယ် နာမည်လေးကချစ်စရာလေးနော်
PPကတော်လိုက်တာ"

"ဟောဗျာ"

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now