👻 Ep 1 (Unicode)
🗓2018ခုနှစ်...
Universityတစ်ခုရဲ့ ကျောင်းဝန်းထဲမဝင်ခင် ဝင်ပေါက်နားမှာ မတ်တပ်ရပ်နေကြတဲ့ ပထမနှစ်ကျောင်းသူလေးနှစ်ယောက်က တစ်စုံတစ်ယောက်ရဲ့အလာကိုစောင့်နေပုံရသည်။ သူတို့ထဲက တစ်ယောက်က နာရီကို ခဏခဏငုံ့ကြည့်နေပြီး နောက်တစ်ယောက်က ခေါင်းကိုဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ ခုထိကျောင်းကိုရောက်မလာသေးတဲ့ သူငယ်ချင်းဖြစ်သူကိုရှာနေသည်။ နှစ်ယောက်လုံးက အလျင်လိုနေပုံရကာ မျက်နှာပေါ်မှာ စိုးရိမ်ရိပ်တွေသန်းလျက်ရှိသည်။
"Ameliaရေ နင်သူ့ကို ဘယ်နားရောက်နေပြီလဲလို့ ဖုန်းဆက်မေးကြည့်ပါလား ဒီအချိန်ကျောင်းထဲဝင်သင့်နေပြီနော် နောက်ကျတော့မယ်"
"အေး ငါဆက်လိုက်မယ်"
Ameliaဆိုသူမိန်းကလေးက ဆံပင်ရွှေအိုရောင်ဆိုးထားသော ထိုင်း-ဘယ်လ်ဂျီယမ်ကပြားမလေးဖြစ်ပြီး သူမ၏သူငယ်ချင်းဖြစ်သူ Ploy ကတော့ အနက်ရောင်ဆံပင်တိုဂုတ်၀ဲလေးနဲ့ ချစ်စရာကောင်းသည့် ထိုင်းမလေးတစ်ယောက်ဖြစ်သည်။
" ဟဲလို PPရေ နင်ရောက်ခါနီးပြီလားဘယ်နားရောက်နေပြီလဲ"
" ငါ ရောက်ပါပြီ နင့်ရှေ့ကိုလှမ်းကြည့်လိုက်"
ဖုန်းထဲက PPစကားကြောင့် Amelia ဖုန်းကိုင်ထားရင်း ရှေ့ကိုလှမ်းကြည့်တော့ PPက Tote Bagလေးလွယ်ကာ လက်ထဲမှာလည်းအထုတ်တစ်ခုကိုဆွဲရင်း ကျန်တဲ့လက်တစ်ဖက်နဲ့ လမ်းရဲ့ဟိုဘက်ပလက်ဖောင်းဆီကနေ Ameliaတို့ကို ကလေးလေးလို တာ့တာလှမ်းပြနေသည် ။
ထို့နောက်ကားရှင်းတာနဲ့လမ်းကူးပြီး Ameliaနဲ့Ployရှိရာကို လမ်းလျှောက်လာသည်။
"PPရယ်နင်မနောက်ကျစဖူး စာမေးပွဲနေ့ကျမှဘာလို့နောက်ကျနေတာလဲဟယ် နင့်အိမ်ကကားရောလိုက်မပို့ဘူးလား"
"ဆောရီးပါဟယ် ငါ့အဒေါ်နဲ့ဦးလေးကလည်း ဒီနေ့မှရန်ဖြစ်နေကြလို့ ငါဖြေရှင်းပေးနေလို့ကြာသွားတာ...အိမ်ကကားကတော့ ကျောင်းနားက အအေးဆိုင်မှာချပြီးထွက်သွားတာ ငါက အအေးဝင်ဝယ်မယ်ပြောလိုက်လို့"
PPကစကားပြောရင်း သယ်လာတဲ့အထုတ်ထဲကနေ နာနတ်မစ်ရှိတ်တစ်ခွက်နဲ့ နို့သစ်ခွတစ်ခွက်ကို Ameliaတို့နှစ်ယောက်ကိုတစ်ခွက်စီပေးသည်။
Ameliaကရေခဲများတာမကြိုက်တော့ ရေခဲနည်းနည်းနဲ့ နာနတ်သီးမစ်ရှိတ်...Ployကတော့ရေခဲတွေကိုဝါးစားရတာကြိုက်တာမို့ နို့သစ်ခွကိုရေခဲများများထည့်လာသည်။

YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfiction"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰