Ep 10 (U)
ဒီနေ့ ကျွန်တော်အမြဲကြားကြားရနေတဲ့အသံပိုင်ရှင်နဲ့
မထင်မှတ်ဘဲ စကားပြောခွင့်ရခဲ့တယ်...အသံတွေအကြောင်း BKကိုမေးခဲ့ပေမယ့် BKကတစ်ခုခုဖုံးကွယ်ထားတယ်လို့ ခံစားရတာကြောင့် မယုံလို့ ကျောင်းစာကြည့်တိုက်ကိုနောက်တစ်ခေါက်ထပ်သွားကြည့်ခဲ့တယ်။
ဒီတစ်ခါတော့ BKကိုမတွေ့ဘူး။
စာကြည့်တိုက်ကလူရှင်းလို့နေသည်။
စာအုပ်စင်တစ်နေရာအရောက်မှာ လူမရှိဘဲ သူ့အလိုလိုလှန်နေတဲ့စာရွက်တွေလေပေါ်မှာဝဲနေတာကို တွေ့လိုက်ရတော့ ကျွန်တော်ခဏတာတုန်လှုပ်သွားမိသည်။
အဲ့ဒီအနားကိုဖြည်းဖြည်းချင်းကပ်သွားတော့ စာရွက်တွေက တစ်ယောက်ယောက်ဖြုတ်ချလိုက်သလိုရုတ်တရက် ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားသည်။"မင်းဒီနေရာမှာရှိနေတယ်မလား"လို့
ကျွန်တော်မနေနိုင်ဘဲမေးကြည့်လိုက်တဲ့အခါ တကယ်ပဲ အဲ့ဒီကောင်လေးရှိနေခဲ့ပြီး ကျွန်တော့်နာမည်ကိုပါသိနေခဲ့တယ်လေ...သိပ်ကိုထူးဆန်းတာက အသံပဲကြားရတဲ့ အဲ့ဒီဝိဉာဉ်ကောင်လေးက အခြားသူမဟုတ်ဘဲ ကျွန်တော်စတွေ့ကတည်းက သဘောကျခဲ့ရတဲ့ သုံးနှစ်နီးပါးသတိရနေခဲ့တဲ့ ဘန်ကောက်ကိုပြန်ရောကိကတည်းက လိုက်ရှာခဲ့ရတဲ့ PP Krittဆိုတဲ့ကောင်လေးတဲ့လေ...ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်သလဲ။
စုံစမ်းလိုက်တိုင်း ကျောင်းထွက်သွားပြီဆိုတဲ့သတင်းကလွဲပြီး ဘာမှမကြားရတော့တဲ့PPက သေဆုံးသွားပြီးဝိဉာဉ်ဖြစ်နေတာသိလိုက်ရတော့ ကျွန်တော့်ရင်တွေကြေကွဲမတတ်ပဲ။
အရမ်းလည်းအံ့ဩပြီးလန့်သွားမိတယ်။
ဒါပေမယ့်ကံကောင်းတာက ကျွန်တော် PPကို မမြင်ရရင်တောင် အသံလေးတော့ကြားနေခွင့်ရနေတာပါပဲ။PPကိုအိမ်ကိုခေါ်လာခဲ့ပြီး ကျွန်တော်သိသမျှသူ့အကြောင်း တွေကိုပြောပြခဲ့တယ်။
PPက မသေခင်အတိတ်က မှတ်ဉာဏ်တွေကိုမမှတ်မိဘူးတဲ့လေ...
PPက ကျွန်တော်သိမ်းထားတဲ့အနာကတ်ပလာစတာလေးကိုမြငိတော့ ငိုသွားတယ်ထင်တယ်။
မမြင်ရပေမယ့်ငိုသံ ခပ်သဲ့သဲ့ကိုကျွန်တော်ကြားရတယ်။

YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfiction"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰