- 14 -

280 35 13
                                    

Sweet Suggestion for ya all ><
*** BKနဲ့ PPရဲ့အပိုင်းလေးတွေကို Angel Babyသီချင်းလေးနဲ့ဖတ်ကြည့်နော်😉❤️***

Ep 14 (Uni)

"ဟဲ့ ဟိုဘက်နည်းနည်းတိုး ဒီမှာငါမမြင်ရလို့"

"တိုးတိုးနေစမ်းပါဟဲ့ ငါတို့ချောင်းနေတာလူသိကုန်တော့မှာပဲ"

ကျောင်းဝန်းရဲ့အနောက်ဘက် မြက်ခင်းပြင်ကျယ်ကြီးနားက အုတ်နံရံကိုကွယ်ကာ PP,Ameနဲ့ Ployတို့သုံးယောက်သား မြက်ခင်းပေါ်မှာထိုင်နေကြတဲ့အတွဲတွေကို အပြိုင်အဆိုင်ချောင်းနေကြတယ်။
ဒီအချိန်က နေ့လည်နားချိန်မို့ ဒီနေရာမှာ အတွဲကသုံးလေးတွဲမကဘဲ ရှိတတ်သည်။

"ငါတို့ပေါ်တင်ကြည့်လည်းရသားပဲဟာကို ဘာလို့ခုလိုခိုးကြောင်ခိုးဝှက်ကြည့်နေကြတာလဲ"

"ဟဲ့ ပေါ်တင်ကြည့်ရင်ရှက်စရာကြီး"

"အေးလေ"

တကယ်တော့ PPတို့သူငယ်ချင်းသုံးယောက်လုံးတစ်သက်နဲ့တစ်ကိုယ်တစ်ခါမှအတွဲမချောင်းခဲ့ဖူးဘူး။
ခု တက္ကသိုလ်တက်ခါစမှာ ကျောင်းဝန်းထဲအလည်လွန်ရင်း
ကျောင်းနောက်ဘက်အတွဲတွေလာထိုင်နေတတ်တဲ့ မြက်ခင်းပြင်ကိုမျက်စိလည်လမ်းမှားပြီးရောက်လက်စနဲ့ မြင်ဖူးတယ်ရှိအောင် ကြည့်နေကြခြင်းပင်။
ပေါ်တင်မကြည့်ရဲကြတော့ ခိုးကြောင်ခိုးဝှက်နဲ့ပေါ့။

အချို့အတွဲတွေက ရင်ခွင်ထဲဝင်ပြီးတီတီတာတာစကားတွေပြောနေကြသလို...
အချို့က အချင်းချင်းဓာတ်ပုံရိုက်တဲ့သူကရိုက်
ဒီ့အပြင်စာလုပ်နေကြတဲ့အတွဲတွေလည်းရှိသည်။
PPကတော့ သစ်ပင်အရိပ်အောက်မှာထိုင်ပြီး စာအုပ်ဖတ်နေတဲ့အတွဲကိုသဘောကျလို့ သေချာကြည့်နေမိတယ်။

"ဟဲ့ ဟဲ့ ဟိုစာအုပ်ဖတ်နေတဲ့အတွဲကနမ်းတော့မလို့ထင်တယ်"

"မကြည့်နဲ့...ရှက်စရာကြီး"

Ame နဲ့ Ployတို့နှစ်ယောက်သားအသည်းအသန်မျက်နှာကာနေရင်း မျက်စိမမှိတ်ဘဲ ကြောင်ကြည့်နေတဲ့ PPမျက်နှာကိုပါလက်နဲ့ကာပေးကြသည်။

"Hehe"

"PPနင်ဘာလို့ပြုံးစိစိနဲ့ရယ်နေတာလဲ"

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now