Ep 4 👻
မနက်ခင်းရဲ့နေရောင်ခြည်ဟာ ပွင့်နေတဲ့ဝရံတာတံခါးကတစ်ဆင့် ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ Kinရဲ့မျက်နှာပေါ်ကိုကျရောက်လျက်ရှိသည်။
မှိတ်ထားတဲ့မျက်လုံးတွေကို ခပ်စူးစူးအလင်းစကလာထိုးနေတာမို့Kinနိုးသွားပေမယ့်...အိပ်ရေးမဝသလိုခံစားနေရသေးတာကြောင့်
ပေပြီးဆက်အိပ်နေမိသည်။"တီတီ...တီတီ....တီတီ...တီတီ"
ဖုန်းကနေ မနက်တိုင်း ၇နာရီထိုးရင်မြည်နေကျAlarmသံကြားမှ...Billkinတစ်ယောက်အလန့်တကြားနဲ့ထထိုင်သည်။
"ဘုရားရေ...မနက်၇နာရီတောင်ရှိနေပြီလား"
အရင်နေ့တွေကမနက်တိုင်း၇နာရီကျော်မှထပေမယ့် ဒီနေ့တော့အဲ့လိုလုပ်၍မရပါ...ဒီနေ့က Kinအလုပ်ဆင်းရမယ့်ပထမဆုံးရက်မဟုတ်ပါလား။
"သေပါပြီ စောသွားရပါမယ်ဆိုမှ"
အိပ်ရာကနေ ကမန်းကတန်းထလို့ ရေချိုးခန်းထဲဝင်ဖို့လုပ်နေတုန်း...ထမင်းစားခန်းထဲက မဆေးရသေးတဲ့ခေါက်ဆွဲပြုတ်အိုးကို Kinလှမ်းတွေ့လိုက်ရသည်။
"ငါမနေ့ကဘာလို့မဆေးမိတာလဲ...အရမ်းပင်ပန်းနေလို့များလား"
ပုံမှန်ဆိုပန်းကန်မဆေးဘဲအိပ်လေ့မရှိတဲ့ကိုယ့်အကြောင်းကိုKinသိသည်။ ညကဘာကြောင့်တန်းအိပ်မိတာလဲ...ဘယ်လိုလုပ်အိပ်ရာထဲရောက်သွားလဲတွေးလို့မရ။
တွေးရင်းခေါင်းကိုပွတ်မိတော့နဖူးကနဲနဲဖုနေပြီးကိုင်ကြည့်ရင်နည်းနည်းနာနေသည်။"ငါခေါင်းနဲ့ဆောင့်ထားတာလား...နေပါဦးမနေ့ညက"
ခေါင်းကအဖုကိုတွေ့မှ မနေ့ညကအသည်းအသန်ပြေးလွှားပြီးခလုတ်တိုက်လဲတဲ့အဖြစ်ကို Kinမှတ်မိသွားတော့သည်။
"ဟင် မနေ့ကတွေ့တဲ့ သရဲ....သရဲကော"
အလန့်တကြားနဲ့ ဝရံတာဘက်ကိုကြည့်လိုက်တော့...ဘယ်သူမှတော့မရှိ။
"အာ မနေ့ညက ငါအိပ်မက်မက်ခဲ့တာပဲနေမှာ
ဟားဟား ငါတော်တော်ရယ်ရတာပဲ မက်စရာရှားလို့သရဲအိပ်မက်တဲ့လား"Kinက ပေါက်ကရအိပ်မက်မက်ရတဲ့ကိုယ့်အဖြစ်ကိုရယ်ရင်းရေချိုးခန်းထဲဝင်သွားသည်။

YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfiction"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰