Ep 17 👻 (UNI)
"ကောင်လေးက အသက်ငယ်ငယ်လေးပဲရှိသေးတာ...
ဆေးရုံကုတင်ပေါ်မှာပဲ အချိန်တွေကုန်နေရတာနှမြောစရာကြီးနော်""အင်းဟယ် ပြီးတော့သူကချမ်းသာပုံရတယ် သူ့ဦးလေးက သူ့တူကိုထားဖို့အတွက် ဒီဆေးရုံတစ်ခုလုံးကိုဝယ်ပစ်လိုက်တာတဲ့လေ"
"ဟယ် တကယ်လား"
"ငါလည်းအဲ့လိုကြားတာပဲ...သေချာတော့မသိဘူး"
"သူဌေးတွေဖြစ်ပြီး ဘာလို့မြို့ကြီးတွေကဆေးရုံမှာမတက်တာလဲမသိဘူးနော်...နယ်မြို့ဆေးရုံလေးကိုမှလာထားရတယ်လို့"
"တစ်ခုခုရှိလို့နေမှာပေါ့ဟယ်...ငါတို့မသိတဲ့လျှို့ဝှက်ချက်တွေဘာတွေ"
"ဟုတ်မှာပေါ့..."
ကုတင်ပေါ်မှာရှိနေတဲ့ PPက သတိဝင်နေသော်လည်း ခန္ဓာကိုယ်က ချက်ချင်းလှုပ်လို့မရဘဲ လေးပင်နေသည်။
မျက်လုံးတွေကို ချက်ချင်းမဖွင့်နိုင်သေးပေမယ့် ကုတင်အနားမှာ PPကိုလာစောင့်ကြည့်ပေးနေကြတဲ့
သူနာပြုငယ်လေးနှစ်ယောက်ရဲ့
အပြန်အလှန်စကားပြောသံတွေကိုတောကြားနေရတယ်...
စစချင်းကတော့ အသံတွေကမသဲကွဲပေမယ့် နောက်ပိုင်းမှာသူတို့ပြောသမျှကို အတိုင်းသားကြားရလေသည်။"ဒါနဲ့ သူနောက်တစ်လနေလို့မှသတိမရတော့ရင် Oxygenဖြုတ်လိုက်တော့မှာဆို"
"ဟုတ်တယ်...ထပ်ပြီး အသက်ကိုဆွဲဆန့်မထားချင်တော့ကြလို့ထင်ပါတယ်"
ဟင်... Oxygenဖြုတ်လိုက်ရင် PP သေသွားမှာပေါ့။
PPမသေချင်သေးဘူး...
သေလည်းမသေသေးဘူးလေ၊
ဒါကြောင့် PPသတိရနေပြီဆိုတာ
သူတို့သိအောင်လုပ်မှဖြစ်မယ်။စေ့ထားတာကြာလို့ခြောက်နေတဲ့ နှုတ်ခမ်းတွေဖွင့်လို့ရအောင်ကြိုးစားရင်း ပါးစပ်ကအသံတစ်ခုခုထွက်လာဖို့ ကို အတင်းအားယူနေရသည်။
လေးလံနေတဲ့မျက်ခွံတွေကိုလည်း အားကုန်သုံးပြီး
ဖွင့်ကြည့်နေမိတယ်။"ဟင်း....ဟင်း..."
"နင် အသံကြားလိုက်လား"
"အင်း လူနာဆီကထွက်တာထင်တယ်"

YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Фанфик"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰