- 8 -

232 32 26
                                    

Ep 8 👻 (U)

"P'Oab ကျွန်တော့်ကိုမြင်ရတာလား"

Oabက PPပြောတာကိုကြားလိုက်သလိုမျိ​ုး ဖုန်းပြောနေရင်းရုတ်တရက်ရပ်သွားပြီး PPရှိနေတဲ့ဘက်ကိုလှည့်ကြည့်လိုက်တာကြောင့်လန့်သွားမိတယ်။
P'Oab က P'Kinလိုမျိုး PPကိုမြင်နေရတာများလား...

Oabက ဖုန်းထဲကတစ်ဖက်လူကို "နောက်မှပြန်ဆက်မယ်နော်"
လို့ပြောပြီးဖုန်းချလိုက်သည်။
ပြီးတော့ PPဆီကိုလျှောက်လာရာကနေ PPဆီလည်းရောက်ရော ကျော်၍ဆက်လျှောက်သွားသည်။
P'Oab ဦးတည်ပြီးသွားနေတဲ့နေရာက​ ဘေပီလေးကျနေတဲ့မြောင်းဆီကိုပင်...။
အဲ့ကျတော့မှပဲ PPသိသွားတယ်၊
P'Oabက PPကိုမြင်ရလို့လှည့်ကြည့်တာမဟူတ်ဘဲ မြောင်းထဲကဘေပီလေးအသံကိုကြားလို့ကြည့်လိုက်တာကိုး...။

"နေပါအုံး ဘေပီ့အသံကသေးသေးလေးကို ဖုန်းပြောနေတဲ့ P'Oabကဘယ်လိုကြားသွားတာပါလိမ့်"

PPစဉ်းစားနေတုန်းမှာပဲ P'Oabကမြောင်းဖုံးကိုဖယ်ကာ မြောင်းထဲကဘေပီလေးကိုထုတ်ပေးနေလေပြီ။

"ဟာ ဘာပဲဖြစ်ဖြစ်မစဉ်းစားတော့ဘူး ဘေပီလေးကိုကယ်န်ိုင်ရင်ရပြီ တော်ပါသေးရဲ့"

"နာသွားသေးလား အသေးလေး..."
P'Oabက ဘေပီလေးကိုမေးနေသည်။

"အသေးလေး"တဲ့လား။
ခေါ်တဲ့နာမည်လေးကအစ အသည်းယားဖို့ကောင်းလိုက်တာလို့ PPတွေးနေမိတယ်...

"ကြည့်ပါဦး သဲတွေပေကုန်ပြီ မြောင်းထဲမှာရေမရှိလို့တော်သေးတယ်"
"မင်းကချစ်စရာလေးနော် မင်းပိုင်ရှင်ကမင်းကိုတအားချစ်မှာပဲ"

P'Oabက ဘေပီ့ကိုကြင်ကြင်နာနာလေးချီပြီး ဖုန်တွေခါပေးနေတာကိုကြည့်ရင်း PPကြည်နူးစွာပြုံးနေမိသည်။

"P'Oabကအရမ်းနူးညံ့တာပဲ"

PPရှေ့မှာပဲ ခွေးလေးကိုအသာအယာပွေ့ချီပြီး ဆိုင်ထဲပြန်ဝင်သွားတဲ့ Oabရဲ့အနောက်ကို PPကိုယ့်ကိုယ်ကိုသတိမထားမိခင်မှာပဲ လိုက်သွားမိပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~
"Oab...အဲ့တာဘယ်ကခွေးလေးလဲ ပိစိလေး မင်းခွေးလေးလား"

ဆိုင်အပြင်မှာဖုန်းပြောဖို့ခဏဆိုပြီးထွက်သွားတဲ့သူငယ်ချင်းဖြစ်သူက ပြန်လာတော့ခွေးလေးတစ်ကောင်ခေါ်လာတာမို့ သူငယ်ချင်းတွေက အံ့ဩတကြီးဝိုင်းမေးကြသည်။
Billkinစိတ်ထဲမှာတော့ ဒီခွေးလေးကအိမ်ကဘေပီလေးနဲ့တူလိုက်တာလို့တွေးနေတာပေါ့...။
အတွေးကမဆုံးသေးဘူး...Oab ရဲ့အနောက်ကပ်လိုက်လာတဲ့ PPကိုမြင်လိုက်တာနဲ့ ဒီခွေးလေးဟာဘေပီလေးဆိုတာ BKအတွက်သေချာသွားပါတယ်။

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now