- 15 -

211 34 16
                                    

Ep 15 👻(Uni)

မိုးလင်းနေပြီထင်တယ်။
မနက်ခင်းငှက်တွေရဲ့ အော်မြည်သံလေးတွေ
ကြားနေရတယ်။
မနေ့ညကအဖြစ်အပျက်လေးက
အိပ်မက်တစ်ခုလိုပေမယ့်
ပြန်တွေးလိုက်တိုင်းမှာကြည်နူးစရာအတိ။

အိပ်မက်....။
အိပ်မက်ဆိုမှသတိရသွားတယ် ။
အိပ်ရာဘေးကိုကဗျာကယာထကြည့်တော့ Kinရဲ့ဘေးမှာPPမရှိတော့ဘူးပဲ။
မနေ့ညကတင် Kinရဲ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေသေးတာလေ။

ဘုရားရေ...PPကိုချစ်ခွင့်ပန်ခဲ့တာ တကယ်မဟုတ်ဘဲ အိပ်မက်များလား။
ဒါမှမဟုတ် ဇာတ်လမ်းတွေထဲကလို PPဆိုတဲ့ဝိညာဉ်လေးရဲ့ဖြစ်တည်မှုကရော တကယ်မဟုတ်ဘဲ ဖြစ်ခဲ့တဲ့တစ်လျှောက်လုံးကအိပ်မက်ဖြစ်နေတာများလား။

"အို...မဖြစ်နိုင်ပါဘူး အဲ့လိုတော့မဖြစ်ပါဘူး။
PPကတကယ်ရှိတာပါ..."

"ကိုကို...ဘာတွေတွေးပြီး ဘာတွေတစ်ယောက်တည်းပြောနေတာလဲ"

စိတ်အပူလွန်ပြီး အတွေးတွေလွန်နေတဲ့ Kinရဲ့ပူလောင်နေတဲ့စိတ်ကို ရေနဲ့ဖြန်းလိုက်လို့ရှဲခနဲမီးငြိမ်းသွားသလို အေးချမ်းသွားတယ်။
အကြောင်းကတော့ PPရောက်လာလို့ပါပဲ။

PPကိုကြည့်လိုက်တော့ ဝရံတာမှာစိုက်ထားတဲ့ပန်းအိုးလေးတွေထဲက တစ်အိုးကိုကိုင်ထားပြီး အံ့ဩနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ Kinကိုကြည့်နေသည်။

PPကိုလည်းမြင်ရော ချက်ချင်းကိုကုတင်ပေါ်ကခုန်ဆင်းပြီး Kin ပြေးဖက်လေသည်။

"ဟာ ကိုကိုဘယ်လိုဖြစ်တာလဲ"

"PPပျောက်သွားပြီထင်လို့လန့်သွားတာ"

"သူ့ဘေးကခဏလေးထသွားတာကို ဒီလောက်ဖြစ်စရာလားနော် ကဲလိုက်တာ ဟင်း"

"ကဲရမှာပေါ့ ခုမှပူပူနွေးနွေးတော်ထားတဲ့ချစ်သူလေးဟာကို"

PPရဲ့ပါးလေးကို လက်နဲ့ခပ်ဖွဖွဆွဲပြီး အာဘွားပေးလိုက်သည်။

"အား...ခြွေပြန်ပြီ ကိုကိုနော်"

"hee ဒါနဲ့PPဘာလုပ်နေတာလဲ"

"ပန်းပင်လေးတွေရေလောင်းနေတာကိုကိုရဲ့...ဒီရက်ပိုင်းမိုးမရွာဘူးလေ အဲ့တာခြောက်ကုန်မှာစိုးလို့"

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now