- 6 -

233 42 25
                                    

Ep 6👻 (Uni)

နားထဲကိုဝင်လာတဲ့ ခပ်စူးစူးAlarmသံကြောင့် ဴKinနိုးသွားသော်လည်း
ထုံးစံအတိုင်း မျက်လုံးကချက်ချင်းမပွင့်သေး။

အချိန်ရသလောက်လေးခဏအိပ်ဖို့တွေးနေရာက ရုတ်တရက်တစ်ခုခုကိုသတိရသွား၍
မျက်လုံးကိုချက်ချင်းဖွင့်ပြီး ထထိုင်လိုက်တယ်။

Kinသူရဲ့တိုက်ခန်းတစ်ခုလုံးကိုအခြေအနေအကဲခတ်ကြည့်တော့ ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေလေရဲ့။

အိပ်ရာပေါ်ကဖြည်းဖြည်းချင်းထကာ ခြေသံဖွဖွနင်းပြီး ဝရံတာတံခါးကိုအသာလေးဖွင့်ကြည့်မိမှ...
ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်အပါအဝင် ဟိုတစ်နေ့ညကဖြစ်ခဲ့တာတွေရောက
အိပ်မက်မဟုတ်ဘူးဆိုတာ သေချာသွားသည်။

PP ဆိုတဲ့သရဲကောင်လေးက ဝရံတာမှာထားထားတဲ့ တစ်ယောက်ထိုင်ဆိုဖာလေးပေါ်မှာ ကွေးကွေးလေး အိပ်ပျော်လို့နေတယ်လေ...မနက်ပိုင်းတွေက သူ့ရဲ့အိပ်ချိန်ဖြစ်ကြောင်း PPပြောထားတာ ခုမှKinသတိရသွားတယ်။

"ခုလိုကျတော့လည်းလူလိုပါပဲလား...ကြာလာတော့ သရဲကြောက်တတ်တဲ့ငါတောင်မကြောက်တော့ဘူး"

Kinအသံထွက်ရုံလေး ကိုယ့်ဘာသာပြောနေမိသည်။

"တော်သေးတယ် အိပ်ပျော်နေလို့၊ သူမနိုးခင်အလုပ်မြန်မြန်သွားရမယ်...ဒါမှငါ့ကိုလိုက်မနှောင်ယှက်နိုင်မှာ"

Kinတစ်ယောက် ခြေသံမထွက်အောင်ဖွဖွလေးနင်းကာ ရေချိုးခန်းထဲဝင်သွားမှ ဝရံတာမှာအိပ်ချင်ယောင်ဆောင်နေတဲ့ PPက မျက်လုံးဖွင့်ကြည့်ပြီးတိတ်တိတ်လေးရယ်နေလေရဲ့။

"ဘယ်သူပြောလဲ မနှောက်ယှက်ဘူးလို့...P'ရဲ့အနောက်ကိုလိုက်ဖို့ ညကတည်းကအိပ်ရေးဝအောင်အိပ်ထားတာ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကုမ္ပဏီရောက်တဲ့အထိ တစ်လမ်းလုံးဘာအနှောင့်အယှက်မှမရှိဘဲ ရောက်လာသည့်အတွက် Kinပျော်ရွှင်ပြီး စိတ်ကြည်လင်နေတာကြောင့် ကုမ္ပဏီထဲမှာတွေ့သမျှလူတွေကိုလည်း သိသည်ဖြစ်စေမသိသည်ဖြစ်စေ လိုက်ပြုံးပြကာနှုတ်ဆက်နေသည်။

Design ဌာနကိုရောက်တော့ အခန်းထဲဝင်တာနဲ့ပထမဆုံးတွေ့ရတာက Bank...။
Bankကအစတည်းကပျော်ပျော်နေတတ်တော့သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းပြုံးနေတာချည်းသာ။
Kinကိုတွေ့တော့လည်း ပြုံးပြပြီးနှုတ်ဆက်လေသည်။

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now