- 12 -

219 39 16
                                    

Ep 12 👻 (Uni)

"BKရေ...BK.."

P'Jayက BKနာမည်ကိုအဝေးကြီးကတည်းကအော်ခေါ်လာပြီး အခန်းထဲကိုဝမ်းသာအားရပြေးဝင်လာသည်။

"P'Jay...ဘာဖြစ်လို့လဲ"

"မင်းရဲ့ဒီဇိုင်းကို Teamကမရွေးပေမယ့် CEOတွေ့သွားတော့ သဘောကျသွားပုံရတယ်၊ မင်းဒီဇိုင်းအတွက်လည်း product အစမ်းထုတ်ခွင့်ပေးမယ်တဲ့ စစချင်းတော့ နည်းနည်းလေးပဲထုတ်ခွင့်ပေးတာဆိုပေမယ့် ရောင်းကောင်းခဲ့ရင်ဆက်ထုတ်ခွင့်ရှိမယ်တဲ့"

"ဒါဆို CEOက ကျွန်တော့်ဒီဇိုင်းအတွက် Chanceပေးလိုက်တာပေါ့နော်"

"ဒါပေါ့"

"ပျော်လိုက်တာ P'jayရယ်"

BKကတော့ ပျော်လွန်းလို့Jaylerrကိုပါဖက်ပြီးထခုန်မိတယ်။
ဒီမနက်အစည်းအဝေးမှာ ဒီဇိုင်းပယ်ချခံလိုက်ရလို့ စိတ်ဓာတ်တွေကျနေခဲ့တာ...အခုတော့ မျှော်လင့်ချက်ရောင်ခြည်လေးတွေသန်းလာခဲ့ပြီ။

"အိမ်ပြန်ရောက်ရင် PPကိုပြောပြရမယ်
ပြီးရင် PPနဲ့အတူအောင်ပွဲခံဖို့ မုန့်တွေဝယ်သွားမယ်။ဒိန်ချဉ်ကြိုက်တဲ့ကောင်လေးအတွက် စတော်ဘယ်ရီဒိန်ချဉ်လေးဝယ်သွားဦးမှပါ"

Kinကတော့ ရုံးဆင်းတာနဲ့ လုပ်ရမယ့်အလုပ်တွေကိုတွေးရင်း သူ့အတွေးနဲ့သူ ပျော်နေလေရဲ့...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"PPရေ...P'ပြန်လာပြီ"

အိမ်ကတိတ်ဆိတ်နေပြန်သည်။
PPမရှိဘူးထင်တယ်။

"ဝုတ်...ဝုတ်"

နှစ်ရက်လောက်အိမ်ကနေထွက်သွားတဲ့ BillPလေးတော့ ပြန်ရောက်နေသည်။
အိမ်ထဲဝင်လာတဲ့ Kinရဲ့ခြေထောက်ကိုပွတ်သပ်ရင်း အသံသေးသေးလေးနဲ့ဟောင်ပြီးဆီးကြိုနေတဲ့ BillPလေးကို Kinက ခေါင်းလေးပွတ်ပေးကာ

"အိမ်လည်နေတဲ့ကောင်လေးပြန်လာပြီပေါ့ဟုတ်လား..."

"အု...အု"

"ဗိုက်ဆာနေပြီလား ။ တော်သေးတာပေါ့... အိမ်မှာခွေးစာတွေမကုန်သေးလို့"

BillPရဲ့ခွက်လေးထဲ ခွေးစာတွေထည့်ပေးရင်း

"မင်းရဲ့သခင်ကတော့ခုထိအိမ်လည်နေတုန်းပဲထင်တယ် ဘယ်တွေသွားနေမှန်းမသိဘူး ပြန်မလာသေးဘူး"

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now