- 16 -

192 27 8
                                    

Ep 16 (uni)

အစည်းအဝေးခန်းကထွက်ထွက်လာချင်းမှာပဲ ကြားလိုက်ရတဲ့ဖုန်းသံကြောင့် ဖုန်းကို အိတ်ကပ်ထဲကထုတ်လိုက်တယ်။
Screenမှာပေါ်နေတဲ့နာမည်ကိုကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ Sky ဆီက...

ခုနက အစည်းအဝေးခန်းထဲမှာကတည်းက ဆက်တိုက်ခေါ်နေတာမို့ ဘာတွေအရေးကြီးလို့ခေါ်တာများလဲဆိုတဲ့
သိချင်စိတ်နဲ့ ဖုန်းကိုအမြန်ဆုံးကိုင်လိုက်မိတယ်။

"ဟဲလို"

"Oab မင်းခရီးကပြန်ရောက်ပြီလား"

"ဟင့်အင်း မနက်ဖြန် သို့မဟုတ် သဘက်ခါလောက်မှပဲ ပြန်လာဖြစ်လိမ့်မယ်...ဘာဖြစ်လို့လဲ"

"ဒီရက်ပိုင်း မင်း BK နဲ့အဆက်အသွယ်ရလားလို့မေးမလို့"

"နိုး...မရဘူး ဘာလို့လဲ"

"BKကို ငါတို့ဆက်သွယ်လို့မရတာလေးရက်လောက်ရှိပြီ။ Pond လည်း လက်ထပ်ဖို့အလုပ်တွေရှုပ်နေတာနဲ့ ငါလည်းကိုယ့်အလုပ်နဲ့ကိုယ်မအားတာနဲ့ပဲ သူ့အိမ်လည်းမသွားဖြစ်ဘူး...။ သူ့နဲ့တစ်ကုမ္ပဏီတည်းလုပ်နေတဲ့ ငါ့အသိက ပြောတာတော့ သူအလုပ်မလာတာလည်း လေးရက်ရှိပြီတဲ့၊ဖုန်းလည်းမကိုင်ဘူးတဲ့"

Sky ပြောတဲ့စကားတွေအရ BKမှာတစ်ခုခုဖြစ်နေပြီဆိုတာ  Oab သိလိုက်သည်။
အဲ့လိုပဲ PPမှာလည်းတစ်ခုခုဖြစ်နေတာဖြစ်နိုင်သည်။
ရိုးရိုးနေမကောင်းတာနဲ့တော့ BK က ခုလိုအားလုံးနဲ့အဆက်သွယ်ဖြတ်စရာ အကြောင်းမရှိပါ...

Skyကဆက်ပြောတယ်။
"BKထူးဆန်းနေတာကြာပြီ... ဟိုတစ်ခါကလည်းတစ်ယောက်တည်းစကားတွေပြောနေတယ်။ ပြီးတော့ ဟိုတစ်ခါနေမကောင်းဖြစ်တုန်းကလည်းမူမမှန်ဘူး"

"တကယ်တော့ ငါမလေးရှားကိုထွက်မလာခင်က သူ့အိမ်သွားခဲ့သေးတယ်"

"ဟုတ်လား Oab အဲ့တုန်းကရော သူဘယ်လိုလဲ ပုံမှန်ပဲလား"

"ငါ သူ့အိမ်သွားတုန်းက သူနဲ့တွေ့ဖို့သွားတာမဟုတ်တော့ သူနဲ့စကားမပြောခဲ့ရဘူး"

"ဟမ် ဘယ်လို... သူ့အိမ်မှာ သူ့အပြင်ဘယ်သူရှိသေးလို့လဲ"

"တကယ်တော့ BKမှာ မင်းတို့ကိုပြောပြမယ်ဆိုပြီး မပြောဖြစ်တဲ့ အကြောင်းတစ်ခုရှိတယ်"

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now