Intro 🖤

814 50 30
                                    

လပြည့်ညတစ်ညဖြစ်ပေမယ့် ပတ်၀န်းကျင်တစ်ခုလုံးကမှောင်မိုက်ခြင်းအတိ ။

လမင်းကြီးရှိနေသော်လည်းပဲ တိမ်တွေဖုံးနေတာကြောင့်...လရောင်ကိုမတွေ့ရပေ။
အချိန်က မနက်၃နာရီကျော်နေပြီမို့ လမ်းပေါ်မှာလူတွေသိပ်မရှိကြတော့ဘူး။
အိပ်ပျော်နေတဲ့ အစောင့်တစ်‌ေယာက်လွဲလို့ ဘယ်သူ့မှမရှိတဲံ့ ခြောက်ကပ်ကပ်ဘူတာရုံတစ်ခုမှာ ကျွန်တော်တစ်ယောက်တည်း ထိုင်နေမိတယ်။

ဒီအချိန်ကြီး ကျွန်တော်​တစ်ယောက်တည်းမကြောက်ဘူးလားလို့မေးရင် မကြောက်ပါဘူး...ကျွန်တော့်ကိုဘယ်သူမှဘာမှလုပ်နိုင်မှာမှမဟုတ်တာ...။
ကျွန်တော့်မှာ အစွမ်းတစ်ခုရှိတယ်ဗျ...အဲ့တာက ကျွန်တော့်ကိုဘယ်သူမှမမြင်နိုင်တာပဲ

နောက်တာနောက်တာ...အဲ့တာကအစွမ်းတစ်ခုမဟူတ်ဘူး။
တကယ်တော့ကျွန်တော်က လေလွင့်နေတဲ့ဝိညာဉ်ပါ...
လူတွေကြောက်လေ့ရှိတဲ့ သရဲတစ်ကောင်ပေါ့။

ဘူတာရုံထဲမှာ ကျွန်တော်တစ်ယောက်တည်းလို့ပြောတာကညာတာ...
ကျွန်တော့်လိုသရဲတွေ နေရာတိုင်းမှာအပြည့်ပဲ သိလား။

ကျွန်တော့်နာမည်က PP တဲ့...
တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်မယ်ထင်တယ်။
ဘာလို့ဆို ကျွန်တော်သရဲစဖြစ်တုန်းက တက္ကသိုလ်တစ်ခုရဲ​့ Uniformဝတ်ထားတာ...
အခုတော့ ကျွန်တော့်ရဲ့ဝတ်ထားတဲ့ပုံစံက ရှပ်အင်္ကျီအဖြူလေးပေါ်မှာ Hoodieအပြာထပ်
၀တ်ထားပြီး ဘောင်းဘီအတိုအနက်လေးနဲ့ freestyle ဖြစ်နေပြီ။

ကျွန်တော်ကြားဖူးတာတော့ သေသွားတဲ့သူတွေကိ​ု ကျန်ရစ်တဲ့မိသားစုတွေသူငယ်ချင်းတွေက အင်္ကျီတို့ ပိုက်ဆံတို့မီးရှို့ပေးရင် သရဲဘဝမှာရတယ်တဲ့လေ...။
အခုလည်း ကျွန်တော်အဲ့လိုရလာတာဖြစ်မယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော့်ကိုယ်ပေါ်ကကျောင်းဝတ်စုံနေရာမှာ အင်္ကျီအသစ်တွေအစားထိုးလာခဲ့တာပါပဲ။

ဘယ်သူကမီးရှို့ပေးတာလဲတော့မသိပေမယ့် ကျေးဇူးတင်မိတယ် ဒီအင်္ကျီလေးကို ကျွန်တော်သိပ်ကြိုက်တာပဲ သိလား။

ကျွန်တော်မသေခင်ဖြစ်ခဲ့သမျှ အရာတွေကိုတစ်ခုမှမမှတ်မိတော့ဘူး။
မိဘတွေကဘယ်သူလဲ...ဘယ်မှာနေတာလဲ...ဘယ်ကျောင်းမှာတက်တာလဲ...ဘယ်လိုသေခဲ့တာလဲကအစ ဘာဆိုဘာမှ မမှတ်မိတော့တာ။

𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)Where stories live. Discover now