Ep 9 👻 (Uni)
"ငါတို့ Bar မှာသူငယ်ချင်းလေးယောက်ဆုံတဲ့နေ့က မြောင်းထဲပြုတ်ကျနေတဲ့ခွေးလေးတစ်ကောင်ကိုငါခေါ်လာတာမင်းမှတ်မိလား။
အဲ့ခွေးလေးကိုမတွေ့ခင် ငါ့အနားမှာလူမရှိဘဲစကားပြောသံကြားလိုက်ရတယ်။ ကောင်လေးတစ်ယောက်ရဲ့အသံပဲ...သူ့ခွေးလေးမြောင်းထဲပြုတ်ကျသွားလို့ကယ်ပေးပါဆိုပြီး ပြောနေတာ...၊ ငါမြောင်းထဲကိုသွားကြည့်တော့တကယ်ပဲ ခွေးလေးတစ်ကောင်ရှိနေခဲ့တယ်လေ။အစကတော့ စိတ်ထင်တာများလားလို့တွေးမိပေမယ့် အဲ့ဒီအသံလေးကိုဒီနေ့ငါကျောင်းကိုမရောက်တာကြာလို့အလည်လာတော့ ကျောင်းစာကြည့်တိုက်မှာထပ်ကြားခဲ့တယ်...အဲ့မှာမင်းလည်းရှိနေတယ်။ အဲ့တာကြောင့်ငါကြားနေရတဲ့အသံတွေက မင်းနဲ့ဆက်စပ်နေမလားလို့ ငါမေးကြည့်တာ"Oabက သူ့ရဲ့အတွေ့အကြုံကိုစီကာပတ်ကုံးရှင်းပြနေတာကို နားထောင်နေတဲ့ Kinတစ်ယောက်ဘာပြန်ပြောရမလဲဆိုတာမသိတော့ပါ။
Oab ပြောတာလည်းမှန်နေသည်မို့ Kinငြင်းလို့လည်းမရ။
ဒီနေ့ PPအကြောင်းကိုရှာဖို့ Ppနဲ့အတူ စာကြည့်တိုက်ဘက်မှာရှိနေတုန်း Kinကို Oabမြင်သွားတာဖြစ်နိုင်သည်။ငြင်းမရတဲ့အဆုံး Kinဝန်ခံရပါတော့သည်။"အင်းဟုတ်တယ်။ငါဒီနေ့ကျောင်းကိုပြန်ရောက်ဖြစ်တယ်၊မင်းကလည်းငါ့ကိုတွေ့တာများလှမ်းမနှုတ်ဆက်ဘူးနော်"
"မင်းကိုမနှောင့်ယှက်ချင်လို့ငါမနှုတ်ဆက်လိုက်တာ...ဒါနဲ့ မင်းကကျောင်းကိုဘာလို့လာတာလဲ"
"ဟို.ငါ...ငါမော်ကွန်းထိန်းတောင်းထားတဲ့ငါ့အရင်ကဓာတ်ပုံတွေလာပေးတာ"
"ဘယ်ဓာတ်ပုံတွေလဲ"
"အားကစားပြိုင်ပွဲတုန်းကချန်ပီယံဆုရတဲ့ပုံလေ၊ ပြီးတော့ငါအားတာနဲ့ စာကြည့်တိုက်ထဲမှာစာဝင်ဖတ်နေတာ"
Kin အမှန်မဟုတ်တဲ့အကြောင်းပြချက်တွေကို ဖန်တီးနေမိသည်။
"ဪ...၊ဒါဆိုစာကြည့်တိုက်ထဲမှာတစ်ယောက်တည်းစကားပြောနေတာကရော"
"မင်းအမြင်မှားတာနေမှာပါ ငါကဘာလို့တစ်ယောက်တည်းစကားပြောမှာလဲ"
ပေါ်တင်ကြီးညာနေမိတာကို Kinကိုယ်တိုင်လည်းသိပါတယ်။
"ဒါဆို ငါကြားနေတဲ့အသံတွေကရော"
YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfiction"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰