Ep 13 👻 (U)
PPဒီနေ့ Kinထက်စောပြီးနိုးလို့နေတယ်။
အရင်ကလိုလမ်းပေါ်မှာလျှောက်သွားနေမယ့်အစား ဒီနေ့တော့ အိမ်မှာပဲကိုကို့ရဲ့နားမှာနေဖို့ PPဆုံးဖြတ်ထားတယ်။
မျက်နှာပေါ်ကျလာတဲ့နေရောင်ခြည်လာရာကို PPမော့ကြည့်ရင်း နေမင်းကြီးကိုပြုံးပြလိုက်တယ်။"သိပ်ကိုသာယာတဲ့နေ့လေးပဲ..."
သာယာရုံတင်ဘယ်ကမလဲ...ဒီနေ့ကအရင်နေ့တွေကနဲ့မတူဘဲထူးခြားပါသည်။
ဘယိအရာကထူးခြားတာလဲလို့ပြောပြရရင်...PPချစ်ရတဲ့ကိုကို့ကို ပြန်တွေ့နေပြီလေ။PPနဲ့တစ်အိမ်တည်းအတူတူနေနေတဲ့ P'Kinက PPရဲ့ကိုကိုတဲ့..။
ပြီးတော့ P'Kinက မကြာခင်PPရဲ့အပိုင်ဖြစ်လာတော့မှာ...
ဟုတ်တယ်လေ ကိုကို့်မှာရည်းစားမှမရှိသေးတာ PP ဘက်မှာ chanceတွေအများကြီးပဲ။"Hehe..."
ဝရံတာမှာတစ်ယောက်တည်းလမ်းပေါ်ကိုကြည့်ရင်း PPစိတ်ကူးတွေယဉ်နေတဲ့အချိန်မှာ ကိုကိုကတော့ ခုချိန်ထိမနိုးသေးဘဲအိပ်မောကျနေတုန်းပဲ။
"Good Morning ကိုကို"
ကုတင်ဘေးနားက ကြမ်းပြင်ပေါ်မှာထိုင်ပြီး မွေ့ယာဘေးစွန်းနားလေးမှာ မေးလေးထောက်ကာ
ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ Kinရဲ့မျက်နှာကို ငေးကြည့်ရင်း PPနှုတ်ဆက်လိုက်တယ်။PPမယုံနိုင်သေးဘူး...
ဟိုးအရင်က အဝေးကနေပဲ အမြတ်တနိုးငေးကြည့်နေခဲ့ရတဲ့ကိုကိုက အခုPPရဲ့အရှေ့မှာရှိနေတယ်ဆိုတာကိုပေါ့။PPကကိုယ်ကိုယ်ကို ကံဆိုးလှပြီထင်နေခဲ့တာ တကယ်တော့ကံကောင်းတာပဲသိလား
ဘဝတွေခြားနေတာတောင် PPက ကိုကို့အနားမှာရှိနေနိုင်တုန်းပဲလေ။
ဧကန္တ ကံကြမ္မာက PPကိုခုချိန်ထိ ကိုကို့အနားကထွက်သွားခွင့်မပေးသေးတာဖြစ်လိမ့်မယ်။"မနေ့ညက PPကိုရှာလိုက်ရလို့တော်တော်ပင်ပန်းသွားတယ်ထင်တယ် ပါးစပ်ကလေးဟပြီးအိပ်မောကျနေလိုက်တာ"
ထုံးစံအတိုင်းပါးစပ်ဟောင်းလောင်းနဲ့အိပ်ပျော်နေတဲ့ Kinကိုကြည့်ပြီး PPတစ်ယောက်တည်းသဘောတွေကျနေတယ်။
တကယ်တော့ PPစောစောနိုးနေတာမဟုတ်ဘဲ ညကတည်းက စိတ်လှုပ်ရှားပြီးကောင်းကောင်းအိပ်မပျော်တာပါ...
မနေ့က ကိုကိုနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေရပြီးကတည်းက၊ P'Kinက ကိုကိုဆိုတာ သိသွားပြီးကတည်းက စိတ်လှုပ်ရှားနေခဲ့တာ...။

YOU ARE READING
𝘈𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘴𝘪𝘥𝘦 𝘺𝘰𝘶 👻(ကိုကို့နံဘေးမှာ...💞)
Fanfic"ဘယ်ဘဝရောက်ရောက် ကိုကို့ ကိုတော့ မှတ်မိနေပါရစေ" ဝိညာဉ်ဆန်ဆန်storyလေးပါ...👻 Readerလေးတစ်ယောက်ကတောင်းဆိုထားလို့ရော ကိုယ်ကလည်းသဘောကျလို့ရော ရေးဖြစ်သွားတာပါ🥰