Unicode + Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(5)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ကျွန်မရှင့်ကို လက်မထပ်ဘူး..."
"ဘာ!.."
"ဟုတ်တယ် ကျွန်မ ရှင့်အိမ်လိုက်လာတာ...နှိုင်းအတင်းလိုက်လာခိုင်းလို့...ကျွန်မက ဘာလို့ရှင့်လိုလူနဲ့လက်ထပ်ရမှာလဲ "
"ငါကဘာဖြစ်နေလို့လဲ..."
သူ့အမေးမှာ ဒေါသသံတွေရောစွက်နေသည်။
အရင်က သုံးနှုန်းခဲ့သည့် ကိုယ်က အခုတော့ ငါလို့သာထွက်သွားသည်။သူ့လိုလူ...သူကဘာဖြစ်နေလို့လဲ??
"ရှင့်လို့ရည်းစားရှုပ်ပြီး မိန်းကလေးတွေကို တန်ဖိုးမထားတတ်တဲ့ရှင်က ကျွန်မနဲ့မတန်လို့..."
ထိုစကားမှာ သူ့မာနထိလာ၍ ရာရာ့ပုခုံးနှစ်ဖက်ကို အကြမ်းပတမ်းဆုပ်ကိုင်ကာ...
"ဆာကူရာ...မင်းက ဘာသိလို့ ငါ့ကိုပြောဆိုနေရတာလဲ...မင်း ငါ့အကြောင်းဘယ်လောက်တောင်သိလို့လဲ "
"ရှင်လည်း ကျွန်မအကြောင်း မသိပါဘူး "
"တောက်စ်..."
သူမနေရာမှာ တခြားသူသာဆို သူ့ဒေါသကို လွတ်လပ်ခွင့်ပေးလိုက်မှာ အမှန်ပင်။ သို့ပေမဲ့ သူမဖြစ်နေလို့ သူ့ဒေါသတွေ မြိုသိပ်လိုက်ရသည်။ ဒေါသကြောင့် မေးရိုးတွေ ထောင်တက်လာပြီး မျက်နှာက နီရဲလာသည်။
"အဟင်း...ရှင်က ရှင့်ကိုပြောတော့ စိတ်တိုတယ် ဒေါသထွက်တယ်...ဒါပေမဲ့ ကျွန်မကတော့ အဲ့တာတွေ လုပ်ခွင့်မရှိဘူး...ဦးသူ့...ရှင်အရမ်းရက်စက်တယ်...ကျွန်မဘာမှားလို့လဲ...ကျွန်မရှင့်အခန်းထဲ တမင်ဝင်လာတာမှမဟုတ်တာ...အဟင့်...ဘာလို့ကျွန်မအပေါ် ဒီလိုလုပ်ရက်ရတာလဲ...အဟင့်..."
သူ့ကို ထုရိုက်ရင်း သူ့နားမလည်သည့်စကားတွေကို ဆက်တိုက်ပြောရင်း ကြမ်းပြင်ပေါ်ထိုင်ချကာ ငိုသည်။
"မင်း ဘာကိုပြောတာလဲ...ငါက မင်းအပေါ်ဘာလုပ်မိလို့လဲ..."
"ကျွန်မက ရှင့်အတွက် လူသိမခံချင်ရလောက်အောင် တန်ဖိုးမရှိတာလား...ကျွန်မက အလွယ်တကူကြွေခဲ့ရတဲ့ ပန်းမလို့လား "
KAMU SEDANG MEMBACA
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Romansaသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...