Part(19)

9.1K 264 13
                                    

Unicode+ Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(19)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ဝိုင်က မြို့စွန်ဘက်က ဟိုတယ်အသေးစားတစ်ခုမှာ မန်နေဂျာရာထူးဖြင့် အလုပ်လုပ်နေခြင်းဖြစ်သည်။ မိဘ၊သူငယ်ချင်းအားလုံးကို အဆက်အသွယ်ဖြတ်ပြီး ဘဝကို အေးစက်စက်ဖြတ်သန်းနေသည့် ဝိုင်။

"မမဝိုင်း...နေ့လည်‌break timeရောက်နေပြီ မစားသေးဘူးလား..."

ဒီကလူတွေက ဝိုင်ကို ဝိုင်းလို့ခေါ်ကြသည်။ ဝိုင်လို့ခေါ်ရင်းကနေ ဝိုင်းဖြစ်သွားကြသည်။

"အင်း စားတော့မယ် ရတီ‌..."

ဝိုင် ပြောရင်း ထရပ်တော့ စားပွဲခုံကိုတိုက်မိသွားရသည်။ စားပွဲပေါ်မှာ တင်ထားသည့် ပန်းအိုးက စောင်းပြီး အောက်မှာကျကွဲသည်။

"ခလွမ်း..."

"မမဝိုင်း...အဆင်ပြေရဲ့လား..."

"ရတယ်ရ‌တီ..."

"ပန်းအိုးကလည်းရုတ်တရက်ကြီး...."

"မမရှင်းလိုက်မယ်..."

"မမမှာ ချစ်ရတဲ့သူရှိလားဟင်..."

ဖန်ကွဲစတွေကိုင်နေသည့် ဝိုင်လက်တွေ ရပ်တန့်သွားသည်က အတွေးထဲမှာ ခြင်းကိုတွေးမိတာကြောင့်ပင်။

"သူများနိုင်ငံမှာ ဒီလို ပန်းအိုးတို့ ဓာတ်ပုံဘောင်တို့ရုတ်တရက်ကျကွဲရင် ချစ်ရသူတစ်ယောက်ယောက်က ထိခိုက်မိလို့တဲ့...

အဲ့နှစ်ယောက်သားကလည်း စိတ်ချင်း အရမ်းနီးစပ်ပုံရတယ်...တစ်ယောက်တစ်ခုခုဖြစ်ရင် ဝစ်ယောက်က ခံစားမိလို့လေ..."

"..."

"အဟင်း ရတီက အယူအဆတစ်ခုကိုပြောပြတာပါ...မမဝိုင်းရဲ့စိတ်ထဲမထားနဲ့..."

"အင်း..."

ရတီက စိတ်ထဲမထားဖို့ပြောနေပေမဲ့ ဝိုင်ကတော့ စိတ်ထဲစွဲနေပြီဖြစ်သည်။ ဒီနေ့တစ်နေကုန် စိတ်ထဲတစ်မျိုးဖြစ်နေတာ ခြင်းများတစ်ခုခုဖြစ်လို့လား?? ပုံမှန်အတိုင်း ဆေးသောက်ဖို့မေ့နေသည်ထင်ပါသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Onde histórias criam vida. Descubra agora