Part(15)

9.1K 255 0
                                    

Unicode+ Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(15)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"စိတ်မပူပါနဲ့...ရာရာ ခံနိုင်ရည်ရှိပါတယ်..."

ခံနိုင်ရည်ရှိတယ်ပြောတဲ့သူမမျက်ဝန်းက ဂဏှာမငြိမ်ဖြစ်နေတာကိုတော့ သူမသိပါလေစွ။ သူ့ ရာရာ‌ဘေးမှာ ဝင်ထိုင်လိုက်ရင်း ဒုတိယအကြိမ်ရင်ခွင်ထဲ ထပ်မံဆွဲသွင်းလိုက်သည်။

"ဘယ်တုန်းက သိလိုက်ဝာာလဲ..."

"ဦးသူ့ ရေချိုးခန်းဝင်သွားတုန်းက...မမသဝဏ်ဖုန်းဆက်လာတာ..."

"စိတ်မပူပါနဲ့...ကိုယ် ဘေဘီ့ကို ကာကွယ်ပေးမယ်..."

"ရာရာယုံတယ်...ရာရာတို့အချစ်က မှန်ကန်တာမို့ ရာရာလိပ်ပြာလုံတယ်...သူတို့ဘာပြောပြော ရာရာသည်းခံနိုင်ပါတယ်...ရာရာ့မှာ ချစ်ရတဲ့သူရယ် သူငယ်ချင်းတွေရယ်ရှိနေတာပဲ..."

အားလုံးကို ဝေ့ဝိုက်ကြည့်ရင်း နောက်တစ်ဖန်ပြုံးပြသည်။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"Ring---"

ဖုန်းလာသံကြောင့် ကိုယ့်ဖုန်းကိုကြည့်ကြတော့ ရာရာ့ဖုန်းက မြည်နေခြင်းဖြစ်သည်။ အမည်မသိဖုန်းခေါ်ဆိုမှူကြောင့် ရာရာချက်ချင်းပင်ကိုင်လိုက်သည်။

"ဟဲလို..."

"ဟိုင်းဆာကူရာ..."

တစ်ဖက်မှ မဟူရာအသံဆိုတာ ရာရာသိပြီးနောက် ဦးသူ့၊နှိုင်း၊ဝိုင်တို့ကို တစ်ချက်ကြည့်ကာ...

"ရာရာဖုန်းပြောလိုက်ဦးမယ်..."

အဝတ်လဲခန်းက အသံလုံတာကြောင့် အဝတ်လဲခန်းထဲဝင်လာခဲ့လိုက်သည်။ ပြီးမှ..

"ဘာကိစ္စရှိလို့လဲ..."

"မင်း သိပြီးပြီလား..."

"ဘာကိုသိရမှာလဲ..."

"လိုင်းပေါ်မှာရော တီဗွီပေါ်မှာပါ မင်းတို့သတင်းတွေတက်နေတာကို မသိတာတော့မဖြစ်နိုင်ပါဘူး ဆာကူရာ...တို့နဲ့စကားပြောရင် ဟန်မဆောင်လို့ရမလား ဆာကူရာ..."

"ကျွန်မဟန်မဆောင်ပါဘူး...ရှင့်မေးခွန်းက မပြည့်စုံတဲ့မေးခွန်းမလို့ သေချာအောင် ထပ်မေးယုံပဲရှိတာ..."

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora