Part(22)

9K 246 11
                                    

Unicode+Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(22)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

အခုတော့ ခြင်းကို ICUအခန်းကနေ VIPအခန်းကိုပြောင်းရွေ့လာပြီဖြစ်သည်။

"အရာအားလုံးပုံမှန်ပြန်ဖြစ်သွားပါပြီ...
ဒါပေမဲ့ ခြောက်လလောက် အိပ်ပျော်နေခဲ့တာဆိုတော့ လမ်းလျှောက်နိုင်ဖို့အတွက် အချိန်အနည်းငယ်လိုအပ်ပါတယ်..."

"ဟုတ် ဆရာ...ကျန်တာတွေ စိုးရိမ်စရာမရှိပါဘူးနော်..."

"မရှိပါဘူး အားလုံးကောင်းပါတယ်
ခွင့်ပြုပါဦး..."

ဆရာဝန်ထွက်သွားပြီးနောက်...

"ခြင်း အဆင်ပြေလား...နေရထိုင်ရမသက်သာရင် ငါ့ကိုပြောလို့ရတယ်..."

"ရတယ် ဝိုင်...ငါဘာမှမဖြစ်ဘူး...အဆင်ပြေတယ်..."

"အင်းပါ..."

ခြင်း ဝိုင့်လက်ကို ထွက်သွားမှာဆိုးသည့်အလား တင်းတင်းဆုပ်ကိုင်ထားသည်။

"ဒါနဲ့ နင်ဘယ်လိုဖြစ်ပြီး ကားတိုက်မှုဖြစ်ရတာလဲ..."

"ငါ ဟိုတယ်ကိုလာတဲ့လမ်းမှာ နှိုင်းနဲ့ဖုန်းပြောရင်း နင့်ကိုတွေ့လိုက်တယ်...ဒါကြောင့် လောပြီးကားကွေ့လိုက်တာ...တိုက်မိသွားတယ်...
နင်က နားကြပ်တပ်ထားတော့ သိမှာမဟုတ်ဘူး..."

ဝိုင့်မျက်လုံးထဲ ပန်းအိုးကွဲကျသည့်နေ့ကို မြင်ယောင်လာရကာ ရတီပြောသည့်စကားများကို ကြားယောင်လာသည်။

"သူများနိုင်ငံမှာ ဒီလို ပန်းအိုးတို့ ဓာတ်ပုံဘောင်တို့ရုတ်တရက်ကျကွဲရင် ချစ်ရသူတစ်ယောက်ယောက်က ထိခိုက်မိလို့တဲ့...

အဲ့နှစ်ယောက်သားကလည်း စိတ်ချင်း အရမ်းနီးစပ်ပုံရတယ်...တစ်ယောက်တစ်ခုခုဖြစ်ရင် ဝစ်ယောက်က ခံစားမိလို့လေ..."တဲ့။

ဒါဆို အဲ့နေ့က ခြင်း accidenceဖြစ်တဲ့နေ့ပေါ့...ပြီးတော့အဲ့ရက်နောက်ပိုင်း အိမ်မက်ဆိုးတွေချည်းမက်တာ။

"နှိုင်းရော..."

နောက်တစ်ယောက်က ထပ်မေးနေပြန်ပြီ နှိုင်းရယ်။ ငါဘယ်လိုဖြေရမလဲ...?

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora