Part(20)

8.9K 238 3
                                    

Unicode+ Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(20)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

“6 months later”

အချိန်ခြောက်လကုန်သွားပေမဲ့ ခြင်းပြန်နိုးလာခြင်းမရှိခဲ့ပါ။ ပြီးတော့ နှိုင်း ရာရာတို့ဘဝထဲက ထွက်သွားတာ ခြောက်လရှိပြီ။ အရာအားလုံးက မပြောင်းလဲဘဲ တည်ရှိနေပေမဲ့ ပြောင်းလဲသွားတာက ရာရာပင်။ ဖိုးဖိုးကို ကိုယ်ဝန်ရှိနေပြီပြောပြီး သုံးလအကြာမှာ ရာရာ့မှာကိုယ်ဝန်ရှိလာသည်။

အဖိုးကိုအမှန်အတိုင်းပြောပြတော့ ဖိုးဖိုးကလည်း နားလည်ခွင့်လွှတ်ပေးသည်။ ဘာပဲဖြစ်ဖြစ် အခု ကိုယ်ဝန်လွယ်ထားရပြီပဲလေ။

အခုဆိုရင် သုံးလနီးပါးရှိပြီမလို့ ရာရာ့ဗိုက်လေးပင် အနည်းငယ်ထွက်နေပြီဖြစ်သည်။

ဖိုးဖိုးကတော့ မကြာသေးခင်ကမှ ဂျပန်ကိုပြန်သွားသည်။ မြစ်လေးမွေးမှ ပြန်လာခဲ့ပါမည်တဲ့လေ။ နိုင်ငံခြားမှာ နာမည်ရနေသည့် ဖိုးဖိုးက အလုပ်အရမ်းရှုပ်တဲ့သူကိုး။

"ဘေဘီ အချဉ်၊အစပ်တွေသိပ်မစားနဲ့နော်...လမ်းခဏခဏလျှောက်ပေး...မပြေးနဲ့နော်..."

သူ့က ဟိုတယ်ကနေ လှမ်းပြီး အစပ်မစားဖို့၊ဂရုစိုက်ဖို့ပြောနေသည်။

"ဟုတ်..."

အိမ်မှာ ရှိနေသည့် မယ်မင်းကြီးမက ဟုတ်လို့သာ ပါးစပ်ကနေပြောနေပေမဲ့ လက်ထဲမှာတော့ အချဉ်ထုပ်မျိုးစုံက နေရာယူထားသည်။

"ရေချိုးရင်လည်း အကြာကြီးမချိုးနဲ့နော်..."

"ဟုတ်...ဦးသူ့ အလုပ်မလုပ်တော့ဘူးလား..."

"လုပ်မှာပေါ့ကွာ ကိုယ်က ဘေဘီ့ကိုအရင်မှာနေတာ..."

"CEO အစည်းအဝေးစပါတော့မယ်..."

တစ်ဖက်ကနေ ဦးသူ့ရဲ့အတွင်းရေးမှူးမလေးအသံကြားတော့ ရာရာ့နှုတ်ခမ်းတွေက အော်တိုဆူသွားရသည်။

"ဦးသူ့ တခြားမိန်းကလေးတွေကို မငမ်းနဲ့နော်...ဘေဘီတစ်‌ယောက်လုံးရှိတာကို သတိရ..."

"ကိုယ့်မှာ ဘေဘီကလွဲပြီး တခြားသူကို မိန်းမ‌လို့တောင်မမြင်ဘူး...စိတ်ချ..."

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ