Unicode+ Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(13)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"ရာရာ..."
"အင်း ပြောလေ..."
"အရင်နေ့ အစ်ကိုလေးအိမ်မှာ ငါတွေ့ခဲ့ရတဲ့ မိန်းမက ဘယ်သူလဲ..."
"မမသဝဏ်လား..."
"နာမည်က သဝဏ်လား..."
"အင်း...အပြည့်အစုံကဟန်ပန်သဝဏ်လွှာတဲ့....ဘာဖြစ်လို့လဲ..."
"သူက အစ်ကိုလေးနဲ့ဘာတော်တာလဲ...."
"မတော်ပါဘူး...မမသဝဏ်က ဦးသူ့သတို့သမီးလောင်း..."
"ဘာ!..."
နှိုင်း အံ့ဩမှုနဲ့အတူ ဒေါသက တစ်ဆက်တည်းရောက်လာသည်။ သတို့သမီးလောင်းကို အိမ်ထိခေါ်ထားတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စမဟုတ်လား။ တရားဝင်ဇနီးရာရာရှိနေတာကိုလေ။
"အိမ်မှာ နင်နှိပ်စက်ခံရသေးလား..."
"ဟင့်အင်း....မမသဝဏ်က သဘောကောင်းပါတယ်...ပြီးတော့ ဦးသူ့ကို လက်မထပ်တော့ပါဘူးလို့လည်း ပြောတယ်..."
မဖြစ်နိုင်တာ...မနေ့က နှိုင်း သူ့ပုံစံကို သေချာမြင်လိုက်သည်။ အစ်ကိုလေးကို လက်လျော့တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နှိုင်း ရာရာ့လက်ကို ဆုပ်ကိုင်လိုက်ရင်း...
"ဘာပဲဖြစ်ဖြစ် အဲ့မိန်းမကို သတိထားရမယ်...အဲ့မိန်းမမဟုတ်တာလုပ်ပြီဆို တရားဝင်ဇနီးဖြစ်တဲ့နင်က ချသာချခဲ့..."
"အင်းပါ...စိတ်ချပါ ငါက နင့်သူငယ်ချင်းပဲ...အနိုင်ပိုင်းခဲ့မှာ..."
မနေ့ကကိစ္စကိုတော့ ရာရာ့ကို မပြောပြဖြစ်တော့ပါ။ ပြောရင်တောင် ဟိုမိန်းမကို အကောင်းမြင်နေသည့်ရာရာက အပြစ်မြင်လာမှာမဟုတ်ပေ။
ဒါပေမဲ့ အစ်ကိုလေးကိုတော့ ပြောပြရမည်။ ဒါမှ ရာရာကို ပိုပြီးဂရုစိုက်လာလိမ့်မည်။~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ဒီနေ့ ညဘက်မှာ ဟိုတယ်ရဲ့ VIPတစ်ဦးရဲ့ လက်ထပ်ပွဲရှိတာကြောင့် ဝန်ထမ်းတွေအားလုံးအလုပ်ရှုပ်နေကြသည်။ မဂ်လာပွဲတက်ရောက်သည့် ဧည့်သည်များပြားတာကြောင့် ရာရာတို့ပါ စားပွဲထိုးဝင်လုပ်ရသည်။ သူ့ကလည်း ဧည့်သည်အနေနဲ့ဖိတ်ကြားခံထားရ၍ ပွဲအတွင်းမှာရှိနေသည်။
VOUS LISEZ
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Roman d'amourသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...