Part(3)

16.3K 447 7
                                    

Unicode+Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

            💫Part(3)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ရာရာ "

"ဟင်..."

"နင်နဲ့အစ်ကိုလေးရဲ့ဆက်ဆံရေးက ဘာလဲ "

"ခဏ!..ငါအစကတည်းကမေးမလို့
နင်ဘာလို့ သူ့ကိုအစ်ကိုလေးလို့ခေါ်တာလဲ..နင့်ကို  အဲ့လိုခေါ်ခိုင်းတာလား "

"မဟုတ်ဘူးလေ...အစ်ကိုလေးက LS groupရဲ့သူ့သင်္ကေတ..."

"ဘာ!..."

ရာရာ့နားထဲ မိုးကြိုးပစ်လိုက်သကဲ့သို့...

"ဒါဆို သူက ပလေးဘွိုင်းသူ့သင်္ကေတလား "

"ဟုတ်တယ်.. ငါတောင် နင် အစ်ကိုလေးကို ရဲရဲဝံ့ဝံ့ပြန်ပြောနေလို့ မယုံနိုင်ဖြစ်နေတာ...မဟုတ်မှ နင်က အစ်ကိုလေးမှန်းမသိတာလား "

"အင်း..."

ရာရာငိုင်သွားတာကို သတိမထားမိဘဲ...စကားကိုရှေ့ဆက်ပြောသည်။

"နင်ဘာလို့သတ်သေရလဲဆိုတာ ငါ့ကိုမပြောပြတော့ဘူးလား "

"...."

"ရာရာ...."

"ဟင်....."

"နင်ဘာလို့သတ်သေရတာလဲလို့...."

"ငါတို့..မှားခဲ့ကြတယ် အဲ့ဒီလူနဲ့..."

"ဟင်!...ဒါဆို..."

ရာရာတို့က မောင်နှမမဟုတ်ဘူးပေါ့...

"မတော်တဆပါ နှိုင်း...မထင်မှတ်ပဲ..."

ရာရာ့အသံငိုသံစွတ်လာ၍ ဆက်မပြောဘဲရပ်လိုက်သည်။

"ဒါဆို...နင့်ကို အစ်ကိုလေးက တာဝန်ယူမယ်မလားဟင်...."

"ဟင့်အင်း မသိဘူး...နှိုင်း အခုဘာမှမမေးဘဲနဲ့ ငါ့ကိုတစ်ယောက်တည်းလွှတ်ထားပါလား...
ငါစဉ်းစားစရာတွေများနေတယ်...အခု ငါဘာမှ‌ပြောနိုင်မှာမဟုတ်ဘူး..."

"အင်းပါ နားလိုက်ဦး..."

ရာရာ ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ကာ ကုတင်ပေါ်ပြန်လှဲအိပ်လိုက်ရင်း မျက်လုံးကို အတင်းမှိတ်ကာ လက်ကိုကျစ်ကျစ်ဆုပ်ထားမိသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Hikayelerin yaşadığı yer. Şimdi keşfedin