Unicode + Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(4)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
"မင်္ဂလာပါ သမီးလေး ကြီးနွေးကို သားသူ့က ခြံထဲလိုက်ပြဖို့ ပြောသွားတယ်"
"ဟုတ်...ကြီးနွေး...ကြီးနွေးလို့ပဲခေါ်မယ်နော်..သမီးနာမည်က ဆာကူရာပါ..."
ဖြူစင်သောမျက်ဝန်းလေးနှင့် မေးလာသည့် သားသူ့ ဇနီးလေးကိုကြည့်ရင်း ကြီးနွေးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ ကြီးနွေးက သူ့ကို ငယ်စဉ်ကတည်းကထိန်းကျောင်းလာသူဖြစ်ပြီး အိမ်ရဲ့စီမံမှုအစုစုကို တာဝန်ယူပေးရသူဖြစ်သည်။
အခုလည်း သူ့က ဗြုန်းစားကြီး လက်ထပ်မယ်လို့ပြောတာကြောင့် ကြီးနွေးမျက်လုံးပြူးရသေးသည်။ စိတ်ထဲမှာလည်း မကောင်းတဲ့မိန်းကလေးများဖြစ်ရင်ဆိုတဲ့အတွေးကဝင်သေးသည်။ မကောင်းသည့်မိန်းကလေးသာဆို ဂျပန်မှာရှိတဲ့သူ့အဖိုးကို လှမ်းခေါ်ရန်စဉ်းစားထားပြီဖြစ်သည်။
သို့ပေမဲ့ အခု ကြီးနွေးတွေ့လိုက်ရသည့် သူ့ဇနီးက ဖြူဖြူစင်စင်လေးနဲ့ချစ်စရာလေးမို့ ရင်ဝမှာစို့နင့်နေတဲ့အလုံးက ပြန်ပြုတ်ကျသွားသည်။ ပြီးရင် ဒီအကြောင်းကို သူ့အဖိုးကို လှမ်းပြောရမည်။
"ဪ သမီး ဒီမှာ သူတို့နှစ်ယောက်က သမီးလိုရင်ခိုင်းဖို့...သူက စိုးစိုး...ဟိုဘက်ကမိုးမိုး..."
"မဂ်လာပါမမလေး "
"ဟုတ်..."
စိုးစိုးနဲ့မိုးမိုးလို့ခေါ်သည့် ရာရာနဲ့ရွယ်တူလောက်သာရှိသည့် ကောင်မလေးတွေကိုပါ ရာရာခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။
"လာ...သမီး ခြံထဲပတ်ကြည့်ရအောင် "
"ဟုတ်ကဲ့..."
"စိုးစိုးနဲ့မိုးမိုး ညည်းတို့မမလေးနောက်ကလိုက်ခဲ့"
"ဟုတ်ကဲ့..."
ကြီးနွေးက သူ့ခြံဝန်းထဲမှာ နှင်းဆီပန်း၊ပိန်းပန်း၊ဂန္ဓမာပန်း၊လီလီပန်းကစ စက္ကူပန်းထိ ပန်းမျိုးစုံစိုက်ထားတာတွေကို လိုက်ပြသည်။ ပြီးတော့ တစ်အိမ်လုံးရဲ့အခန်းမှန်သမျှကို လိုက်ပြပေးသည်။ အိမ်ရဲ့ပထမထပ်မှာ မီးဖိုခန်းနှင့် အခန်းလေးခန်းရှိသည်။ တစ်ခန်းက ကြီးနွေးရဲ့အခန်းဖြစ်ပြီးနောက်တစ်ခန်းကတော့ စိုးစိုးနဲ့မိုးမိုးတို့နေသည်။ ကျန်ရှိသည့်နှစ်ခန်းကတော့ ဧည့်သည်လာသည်ရှိသော် သုံးမည့်အခန်းဖြစ်သည်။ ဒုတိယထပ်မှာ ရေကူးကန်အပြင် gymဆော့ရန်အတွက်လည်း ပစ္စည်းတွေက အပြည့်အစုံရှိသည်။ တတိယထပ်မှာတော့ အိပ်ခန်းလေးခန်းနဲ့ဘုရားစင်ရှိသည်။ ထောင့်ဆုံးအခန်းမှာတော့ ဦးသူ့အခန်းရှိသည်။
![](https://img.wattpad.com/cover/274445814-288-k641639.jpg)
VOCÊ ESTÁ LENDO
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Romanceသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...