Part(6)

13.5K 378 1
                                    

Unicode + Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

           💫Part(6)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

မနက်(၈)နာရီ.!

"ဆောရီးပါ...ကြီးနွေး...ရာရာအိပ်ပျော်သွားတယ်...နိုးစက်ပေးထားတာကို မမြည်လာတော့ ပိုအိပ်မိသွားတာ..."

"ရပါတယ် မမလေးရဲ့..မနေ့ကပင်ပန်းမှာပေါ့...အဟိ ပြီးတော့ မင်္ဂလာဦးညကို..."

မနက်ပိုင်း ရာရာနိုးစက်‌ပေးထားတာ မမြည်၍ အိပ်ယာထနောက်ကျသွားရသည်။ ကြီးနွေးကိုမျက်နှာပူစွာ တောင်းပန်တော့ ကြီး‌နွေးအစား မိုးမိုးဆီမှ စကားသံထွက်လာသည်။ ထိုစကားကြောင့် ရာရာ့မျက်နှာ ရှက်စိတ်ကြောင့် နီရဲလာသည်။

"အို...မိုးမိုးကလည်း ဘာတွေပြောနေတာလဲ..."

"မိုးမိုး..."

ထိုစဉ် ထမင်းစားခန်းထဲဝင်လာသည့် သူ့ကြောင့် ကြီးနွေးက မိုးမိုးကို အသံတိတ်ဖို့ သတိပေးလိုက်သည်။

"ဦးသူ့ရော..."

"ကိုယ်ဒီမှာ..."

လှည့်ကြည့်မိတော့ အားကစားဝတ်စုံနဲ့ခန့်ညားနေတဲ့ဦးသူ့...ရာရာအမြန်ပြေးဆင်းလာ၍ ဦးသူ့ကိုမမြင်လိုက်၊ gymခန်းဘက်ကို လှည့်ပင်မကြည့်မိတာပါ။

"ရာရာမမြင်လိုက်ဘူး..."

"အိပ်ရေးဝခဲ့ရဲ့လား...အိပ်ချင်ရင် ဆက်အိပ်လို့ရတယ်..."

"ဟင့်အင်း ရပြီ ဦးသူ့..."

"ကြီးနွေး ကျွန်တော့်ကို ကော်ဖီပဲလုပ်ပေးပါ...ဘေဘီရော ဘာစားမလဲ..."

သူ့က ရာရာ့အတွက် ထိုင်ဖို့ထိုင်ခုံ‌ဆွဲပေးပြီး...ရာရာ့ကိုထိုင်စေကာ ကြီးနွေးကိုမှာရင်း ရာရာ့ကိုပါမေးသည်။ ဘေဘီဆိုသည့်အသုံးအနှုန်းကလည်း စိမ်းနေတာအမှန်ပင်။ မိုးမိုးနဲ့စိုးစိုးကတော့ အားကျလို့ ပြုံးဖြီးနေကြသည်။

"ဦးသူ့လိုပဲ မုန့်နဲ့‌ကော်ဖီသောက်မယ်..."

"ဒါဆို ကော်ဖီနှစ်ခွက်နော်ကြီးနွေး..."

"ဘေဘီသာ ကြီးနွေးလက်ရာကို သောက်ပြီးရင် ဘယ်ဆိုင်မှာမှ သောက်ချင်တော့မှာမဟုတ်ဘူး..."

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Where stories live. Discover now