Part(2)

17.3K 499 17
                                    

Unicode+Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(2)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"အိမ်မှာ...ပင်ပန်းလို့အကြာကြီးအိပ်ချင်တယ်လို့ပြောပြီး အိပ်‌နေမယ်ထင်တယ်..."

"ဘာ!.."

ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည့်ခံစားချက်ကြောင့် သူ့အသံက ပုံမှန်ထက်ကျယ်သွားရသည်။ အိပ်ချင်တယ်ဆိုရင်တောင် သူသံသယဝင်မိမှာမဟုတ်။ အခုက အကြာကြီးအိပ်ချင်သည်ဆို၍ သံသယဝင်မိသည်။ မဖြစ်ဘူး သူလိုက်သွားမှဖြစ်မည်။

"လိပ်စာပြော..."

"ရှင် "

"ကျစ်...မင်းပါအတူလိုက်လာခဲ့"

သူ့ဆွဲခေါ်ရာနောက် နှိုင်းကို့ယို့ကားယားနဲ့ပါလာခဲ့ရသည်။ ကားစထွက်သည်နှင့်....

"ဖုန်းဆက်လိုက်.."

"ဟို...အလုပ်ချိန်မှာ ဖုန်းမကိုင်ရဘူး အစ်‌ကိုလေး အဲ့တာ..."

"ရော့ ငါဖုန်းနဲ့ဆက်လိုက် "

"ဟုတ် "

သူ့ပေးလာတဲ့ဖုန်းကို ယူပြီး ရာရာ့ဖုန်းနံပါတ်ကိုနှိပ်ကာ ခေါ်နေပေမဲ့ ကိုင်မဲ့သူမရှိပါ။

"မကိုင်ဘူး "

"ဒုန်း "

နှိုင်းစကားကြောင့် သူ့ကားစီယာတိုင်ကို အလိုမကျစွာထုသည်။

"ဘာလို့ပျော့ညံ့ရတာလဲ...တောက်စ်..."

အစ်ကိုလေးရဲ့စကားကြောင့် နှိုင်းယောင်သမ်းပြီး ကိုယ့်ပါးစပ်ကိုပိတ်လိုက်သည်။

အစ်ကိုလေးကို တွေ့ရတာ ကံဆိုးလိုက်တာ!

သူ့ရဲ့ကားအမြန်မောင်းမှုကြောင့် နှိုင်းတို့တိုက်ခန်းကို မြန်မြန်ရောက်သွားသည်။

"တံခါးမြန်မြန်ဖွင့် "

"ဟုတ် "

တံခါးပွင့်သွားသည်နှင့် သူ့အထဲကိုအမြန်ပြေးဝင်လိုက်သည်။

"သူ့အခန်းကဘယ်အခန်းလဲ "

"ညာဘက်က!..."

နှိုင်းစကားမဆုံးခင်မှာ သူ့ညာဘက်ကအခန်းကို ဦးတည်သွားပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora