Part(7)

12.2K 333 5
                                    

Unicode + Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(7)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ခြင်း အစ်ကိုလေးရဲ့လက်မှတ်လို၍ အစ်ကိုလေး အခန်းဆီဦးတည်လိုက်သည်။ သူအထဲဝင်တော့ အစ်ကိုလေးနဲ့ သူ့ကိုကျောပေးထားသည့်မိန်းကလေးက စကားပြောနေကြသည်။ ထိုမိန်းကလေးမျက်နှာကိုမြင်လိုက်ရသည့်တစ်ခဏ...ခြင်းကမ္ဘာကြီးရပ်တန့်သွားသလိုပင်။ အသက်ပင်မရှူနိုင်တော့။

"ရာရာ..."

"ဟင်...ခြင်း..."

သူ့ကိုတွေ့မှ မျက်လုံးပြူးကာ အစ်ကိုလေးပေါင်ပေါ်မှ ချက်ချင်းထရပ်လိုက်သည့် ရာရာ...

"ခြင်း...နင်ဘာလာလုပ်တာလဲ..."

အရှက်ပြေမေးခွန်းထုတ်လိုက်ပေမဲ့ ခြင်းက ဘာမှပြန်မဖြေပဲ သူ့ထိုင်နေသည့်စားပွဲနားတဖြည်းဖြည်းတိုးကပ်လာသည်။ အစ်ကိုလေးလက်သူကြွယ်မှာ စွပ်ထားသည့်လက်စွပ်နဲ့ ရာရာ့လက်သူကြွယ်မှာ စွပ်ထားသည့်လက်စွပ်က တစ်ပုံစံတည်းဆိုတာ မျက်မြင်တွေ့လိုက်ရပြီးနောက်...

"ရာရာ...နင်.လက်ထပ်လိုက်တဲ့.သူ.က..."

ခြင်းဆက်မပြောခင်မှာ သူ့က ထိုင်နေရာမှထရပ်ကာ ရာရာ့လက်ကိုဆွဲကာ လက်ချင်းယှက်လိုက်သည်။ ထို့နောက် ခြင်းကို တည့်တည့်ကြည့်ကာ...

"ဟုတ်တယ်...ရာရာလက်ထပ်လိုက်တဲ့သူက ငါပဲ..."

သူ့ရဲ့အတည်ပြုစကားကြောင့် ရာရာက သူ့ကိုမော့ကြည့်သည်။

"မဖြစ်နိုင်ဘူး..."

ခြင်းခေါင်းကိုခါရမ်းလိုက်ရင်း မဖြစ်နိုင်ဘူးလို့ စိတ်ကငြင်းဆိုနေမိသည်။ လက်တွေ့မြင်နေရပေမဲ့ ရာရာကိုယ်တိုင်ပြောတာ ကြားချင်သည်မလို့...

"ရာရာ...နင်ဖြေပါ...ဒါက တစ်ကယ်လား "

"အင်း...ဟုတ်တယ် ခြင်း...ငါနဲ့ဦးသူ့က လက်ထပ်ထားတဲ့သူတွေ...နင်အရမ်းလန့်သွားလား..."

ခြင်းဆောက်တည်ရာမရ ဖြစ်နေသည်ကို ရာရာက လန့်နေသည်ထင်ကာ သဘောရိုးတွေးနေသည်။ သူ့ကတော့ယောကျာ်းချင်းမလို့သိသည် ခြင်း ရာရာ့ကိုကြိုက်နေတယ်ဆိုတာ။ ဒါကြောင့် သူ့ ရာရာလက်ကို လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora