Part(17)

8.4K 235 1
                                    

Unicode+ Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(17)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဦးသူ့..."

"ရာရာ နင်ရောက်လာပြီလား..."

တစ်လမ်းလုံးငိုလာခဲ့သည့် အရှိန်ကြောင့် မျက်လုံးများက မို့အစ်နေသည်။

"ဦးသူ့...ဦးသူ့ရော..."

"အထဲမှာ ဆရာဝန်တွေ စမ်းသပ်နေတုန်း...စိတ်မပူပါနဲ့...အရှိန်ကအရမ်းမပြင်းလို့တော်သေးတယ်..."

မျှော်လင့်ချက်ရောင်ခြည်နဲ့မေးလိုက်ပေမဲ့ နှိုင်းပြန်ဖြေလာသည့် အဖြေကြောင့် ရာရာကြမ်းပြင်ပေါ်ကို လဲကျသွားသည်။

"အဟင့်..."

““ကိုယ်ပြောဖူးတယ်မလား...ကိုယ်တို့အိမ်ထောင်ရေးပြိုကွဲတဲ့နေ့က ကိုယ့်သေနေ့ပဲလို့လေ...မင်းသေချာဆုံးဖြတ်ပြီးပြီလား...””

““ဒါဆို ကိုယ်သေလည်းကိစ္စမရှိဘူးဆိုတဲ့သဘောလား...””

"မဟုတ်ဘူး...ရာရာလိမ်နေတာပါ...အဟင့်..."

ဦးသူ့ပြောလာခဲ့သည့် စကားကို ပြန်လည်ကြားယောင်လာရင်း ဆေးရုံကြမ်းပြင်ပေါ်မှာ အရူးတစ်ယောက်လို ငိုနေမိသည်။ အဲ့တုန်းက ရာရာမလိမ်ခဲ့သင့်ဘူး။ ရာရာ့ကြောင့် ဦးသူ့ ဒီလိုဖြစ်တာ။

ဆေးရုံရောက်၍ သူ့ခွဲစိတ်ခန်းထဲဝင်သွားသည့် အချိန်မှစ‌၍ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ကာ ဘယ်သူ့ကိုမှစကားမပြောသည့် ဟန်ပန်။ သူမစိတ်ထဲမှာ ဘယ်လိုအတွေးတွေရှိနေပါလိမ့်??

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ကားတိုက်မှုမှာ သူ့က ဒဏ်ရာအများဆုံးရပြီး မဟူရာက မေ့လဲယုံသာ။ ဟန်ပန်က ဘာမှမဖြစ်ပေမဲ့ စကားသံတော့ထွက်မလာပါ။ ခဏတာ ရူးမိုက်ခဲ့သည့်စိတ်က ချစ်ရသူကိုသေစေတော့မလို့။

သူ့ရဲ့အခြေအနေကကယ်တင်လို့ရခဲ့ပေမဲ့ စောင့်ကြည့်ရမဲ့အနေ‌အထားမှာပင်။ ခြေတောက်အရိုးအက်သွား၍ သတိရလာရင်တောင် လမ်းလျှောက်နိုင်သေးမှာမဟုတ်ပေ။

မဟူရာကတော့ နာရီဝက်အကြာမှာ သတိရလာပြီဖြစ်သည်။ ရဲတွေရဲ့မေးခွန်းကိုဖြေပြီး သက်သေထွက်ဆိုပေးတာကြောင့် ဟန်ပန်ကို တရားခံအဖြစ်ခေါ်ဆောင်သွားကြသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora