Part(8)

11K 310 8
                                    

Unicode + Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

         💫Part(8)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ရော့...ခြင်း...သောက်လိုက်ဦး..."

မနေ့က ခြင်းသောက်တာများသွား၍ ခေါင်းကိုက်မယ်ဆိုတာကြိုသိနေ၍ သံပရာရည်ဖျော်လာခြင်းဖြစ်သည်။ ခြင်းက ဆေးသောက်ရမှာ ကြောက်တတ်သူမလို့ ဘာဆေးမှမသောက်ဘဲ အလုပ်လာမယ်ဆိုတာ ကြိုသိနေတာလည်းပါသည်။ ခြင်း အလိုက်သိလှတဲ့  ဝိုင်ကို ခေါင်းငြိမ့်ပြရင်း ဝိုင်ကမ်းပေးသည့် သံပရာရည်ကို မော့သောက်လိုက်သည်။

"နင်က ငါ့အတွက်အကောင်းဆုံးပဲ ဝိုင်..."

ဝိုင့်ခေါင်းကို ဖိကာပြောလိုက်သည့် ခြင်းကြောင့်...

"အခုမှသိတာလား..."

"အဟွန်း...အစကတည်းကသိပါတယ်ဗျာ...ငါက တမင် ချီးကျူးချင်လို့ကို..."

"‌အင်းပါ...ငါကလည်းစကားအဖြစ်ပြောတာပါ..."

"အလုပ်သွားလုပ်ရအောင်..."

"ခဏ..."

ဝိုင်တစ်ယောက် ခြင်းလက်ကို လှမ်းဆွဲလိုက်ရင်း...ခြင်းအနားကိုတိုးကပ်သွားကာ...ခေါက်ဝင်နေသည့်ကော်လံစကို သေချာပြန်ပြင်ဆင်ပေးရင်း...

"အစ်ကိုလေးရှေ့ရောက်ရင် စကားကိုသေချာပြောဦး...ရာရာနဲ့လက်ထပ်ထားတယ်ဆိုပေမဲ့ အထက်အရာရှိပဲ စိတ်လိုက်မာန်ပါမလုပ်နဲ့...ငါကလက်ထောက်ဆိုတော့ ကြိုတင်ပြောပြထားတာ..."

"နင်ဘယ်လိုသိတာလဲ...ရာရာနဲ့အစ်ကိုလေးလက်ထပ်ထားတယ်ဆိုတာ..."

"နင်ပြောတာလေ..."

"ငါက...ဘယ်တုန်းကလဲ..."

"မမှတ်မိဘူးလား မူးပြီးမေ့သွားတာလား..."

"ဟုတ်မယ်ထင်တယ်..."

"အဲ့တာကြောင့် နင် သေချာသတိထားရမယ်နော်...အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို သက်သက်ဆီထား..."

"ဝိုင်...နင်ဟာလေ အတော်စကားများတယ်...သတိမထားမိတဲ့အချိန်ရှိရင်လည်း ငါ့လက်ထောက်ဖြစ်တဲ့နင်က သတိပြန်ပေးပေါ့...လက်ထောက်မလေးရဲ့..."

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Where stories live. Discover now