Unicode+Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫 Extra Part💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
LS group ရဲ့ ဟိုတယ်ဝင်းအတွင်း၌...
မြက်ခင်းပြင်စိမ်းစိမ်းလေးပေါ်မှာ အဖြူရောင်ထိုင်ခုံလေးတွေတန်းစီချထားသည်။ လျှောက်လမ်းအဝင်ပေါက်ကနေ အဆုံးထိ အဖြူရောင်ကော်ဇောကြီးက နေရာယူထားသည်။
လျှောက်လမ်းတစ်လျှောက်လုံးမှာ အဖြူရောင်နှင်းဆီပန်းတွေနှင့် အလှဆင်ထားသည်။
လျှောက်လမ်းရဲ့ထိပ်ဆုံးမှာ အလှဆင်ရေးထိုးထားသည့် ငွေရောင်စာလုံးလေးတွေက...
သူ့သင်္ကေတ ♡ ဆာကူရာ
တို့၏ မဂ်လာဧည့်ခံပွဲနေရာအနှံ့အပြားမှာ LS groupရဲ့ဝန်ထမ်းတွေက အသင့်ရှိနေကြပြီး ဧည့်သည်တော်တွေတစ်ဦးပြီးတစ်ဦးကို နေရာချပေးကြသည်။
ခြင်းနှင့်ဝိုင်က ထိပ်ဆုံးထိုင်ခုံမှာရှိနေကြပြီး သူတို့၏ဘေးတွင်တော့ သူ့အဖိုး ဦးသူရက ခန့်ညားစွာထိုင်နေသည်။
အချိန်တစ်ခုကြာပြီးနောက်...
"သတို့သား နေရာယူပေးပါ..."
ကြေညာသံဆုံးသည်နှင့် ကော်ဇောဖြူထက်မှာ တစ်လှမ်းချင်းလျှောက်လာသည့် သူ့...အဖြူရောင် သတို့သားဝတ်စုံနှင့် တည်ကြည်ခန့်ညားနေသည်။
သူ့နေရာယူပြီးနောက်...
"သတို့သမီး နေရာယူပေးပါ...."
အသံဆုံးသည်နှင့် အဖြူရောင်ကော်ဇောထက်မှာ တစ်လှမ်းချင်းလျှောက်လာသည့် ရာရာ...အဖြူရောင်သတို့သမီးဝတ်စုံနှင့် ချစ်စရာကောင်းပြီး လူတွေအားလုံးရဲ့အကြည့်ကို ဖမ်းစားထားသည်။
ရာရာရဲ့အကြည့်တွေက သူ့ဆီမှာသာရှိနေပြီး...သူ့ကိုသာ ပြုံးကြည့်နေလျက်...
မင်္ဂလာရှိသည့်သီချင်းသံကလည်း စတင်ထွက်ပေါ်လာသည်။
မင်္ဂလာအချိန် ရက်မြတ်သို့ရောက်ခဲ့ပြီ...🎶
လက်ထပ်ပွဲလေးကျင်းပကြတော့မည်...🎶
ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့ ဘယ်အခါမမေ့ပြီ...🎶
မောင်မယ်နှစ်ဦးသား အပြုံးပန်းကိုယ်စီပွင့်လန်းလို့နေ...🎶
မင်္ဂလာရှိသော ဧည့်ပရိတ်သတ်ရှေ့မှာ...🎶
လက်ထပ်ပွဲလေးကျင်းပကြတဲ့အခါ...🎶
သေတဖန် သက်တဆုံးပေါင်းဖက်ဖို့ မေတ္တာခြွေဆုတောင်းမည်...🎶
ချစ်သက်ကြာရှည် ချမ်းမြေ့တဲ့ ဘဝရစေ...🎶
ဒီအချိန်ကစ တို့နှစ်ယောက်သည်...🎶
အမြဲအတူနေရတော့မည်...🎶
ဘယ်အခါ မခွဲတမ်း အမြဲတမ်းစွဲလမ်းချစ်ကြမည်...🎶
ဒီအချိန်ကစ တို့နှစ်ယောက်သည်...🎶
သစ္စာဆိုကတိပြုမည်...🎶
အချိန်တွေပြောင်းလဲ တို့နှစ်ယောက် မပြောင်းလဲချစ်ကြမည်...🎶
KAMU SEDANG MEMBACA
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Romansaသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...