Unicode + Zawgyi
❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️
💫Part(9)💫
~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~
ရာရာတို့သူငယ်ချင်းလေးယောက် မွေးနေ့ကိတ်တွေနဲ့ဆော့ပြီးတော့ restaurantတစ်ခုမှာ ဟော့ပေ့ါဝင်စားဖို့ဆုံးဖြတ်လိုက်ကြသည်။ ဟော့ပေါ့စားကြပြန်တော့လည်း နှိုင်းနဲ့ခြင်းက စကားများကြပြန်သည်။ အကြောင်းက နှိုင်းက ခြင်းကြိုက်သည့် ပုစွန်တွေချည်းရွေးစားနေလို့ပင်။
"နှိုင်း...ငါ့ကိုရွဲ့နေတာလား..."
"ဘာလဲ...ငါ့ဘာသာ ပုစွန်ကြိုက်လို့စားနေတာကို...ပြဿနာလာမရှာနဲ့ခြင်း..."
"နင်ဘယ်တုန်းက ပုစွန်ဆို အများကြီးစားဖူးလို့လဲ နှိုင်း..."
"အရင်ကမစားပေမဲ့အခုစားတယ် ဘာဖြစ်လဲ..."
"နင်...အု..."
ခြင်းဘာစကားမှပြန်မပြောရသေးခင်မှာ ဝိုင် ခြင်းပါးစပ်ထဲကို ဝက်သားဖတ်ခွံလိုက်သည်။
"စားတော့..."
"ဘာလဲ ဝိုင်...နင်က သူ့ဘက်လား..."
"မဟုတ်ဘူးလေ ငါက..."
စိတ်က ဝိုင်ဘက်လှည့်လာသည်မလို့ နှိုင်းနဲ့စကားဆက်မပြောဖြစ်ကြတော့ပေ။ နှိုင်းလည်း ဆက်မပြောတော့ဘဲ ပုစွန်တွေကိုဆက်ခွါရင်း ဝိုင့်ပန်းကန်ထဲထည့်ပေးနေမိသည်။ ထိုအပြုအမူက နှိုင်းကိုယ်တိုင်ပင်သတိမထားမလိုက်သည့် အပြုအမူတစ်ခု...
ရာရာကတော့ မှိုနဲ့မတည့်တာကြောင့် ရွေးထုတ်နေမိရင်း သူတို့စကားဝိုင်းထဲဝင်မပါမိ။
"နှိုင်းရယ်ဘာလို့ပုစွန်တွေထည့်ပေးနေတာလဲ...ငါကရတယ် နင်ပဲစား..."
"ငါဝနေပြီမလို့..."
"နင် ဝိုင်ကိုကြိုက်နေတာလား..."
"ဘာရယ်..."
"ဟင်..."
"ဟုတ်တယ်လေ နင်ကအမြဲတမ်း ငါနဲ့ဝိုင်ကြားကို ဝင်ဝင်လာနေတာ...ငါဝိုင်ကိုနိုင်နေလို့ နင်မနာလိုနေတာ...."
ခြင်းစကားကြောင့် နှိုင်းလှုပ်ရှားမှုတွေရပ်တန့်သွားသလို ရာရာနဲ့ဝိုင်ရဲ့အသံကလည်း ပြိုင်တူထွက်လာသည်။ ဝိုင် နှိုင်းကို အားနာသလိုကြည့်ကာ ခြင်းပေါင်ကို နာအောင်ဆိတ်လိုက်သည်။
ESTÁS LEYENDO
ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန္တီးေသာအခ်စ္သေကၤတ (Season 1)[Completed]
Romanceသူ့သင်္ကေတက LS groupရဲ့ အမွေဆက်ခံသူတစ်ယောက်။ ရုပ်ချော ဥစ္စာပေါ ရည်းစားများတဲ့သူ။ Playboyတစ်ယောက်။ သူ့ရဲ့(၂၇)နှစ်မွေးနေ့ပါတီမှာ ရည်းစားတစ်ယောက်ရဲ့ဆေးခတ်လိုက်မှုကြောင့် LS groupမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေတဲ့ ဆာကူရာလို့ခေါ်တဲ့မိန်းကလေးနဲ့ မှားယွင်...