Part(11)

9.7K 299 7
                                    

Unicode + Zawgyi

❣️ဦးဖန်တီးသော~~အချစ် သင်္ကေတ ❣️

💫Part(11)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

VIPရဲ့လက်ထပ်ပွဲကြောင့် အလုပ်ရှု‌ပ်နေသည်မလို့ သူ့ အိမ်ပြန်နောက်ကျသည်။ သူမလေးမျှော်နေမည်ဆိုပြီး အလုပ်တွေကို အမြန်လက်စသတ်ကာ ပြန်ခဲ့ကာမှ သူမလေးအိမ်မှာ မရှိဘူးဆိုပြီး ဟန်ပန်ဖုန်းဆက်ပြောသည်။ နှိုင်းကလည်း သူမလေး သူ့အိမ်မှာ လာခေါ်ပါဆိုပြီး မက်ဆေ့ခ်ျပို့ထားသည်။

"ကျစ်...ခြေတောက်က အနာနဲ့ကို အပြင်ထွက်ပြန်ပြီ...အိမ်မှာ အနားယူဖို့ခွင့်ပေးတာကို...ဒီဘေဘီ အပြစ်ပေးခံရတော့မယ် "

နှိုင်းဆီရောက်ချိန် ရာရာကိုပဲအပြစ်ပေးနိုင်မလား?? သူ့ကိုယ်တိုင်အပြစ်ပြန်ခံရမလား?? ဆိုတာကတော့...

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ဟိုရောက်တော့ သူမလေးက သီချင်းဆိုပြီး ကခုန်နေတာ အရာအားလုံးကို မေ့မေ့မောမော။ နှိုင်းကလည်း မတတ်နိုင်၍ လွတ်ထားပုံရသည်။

"ဟင့်အင်း သီချင်းဆိုဦးမယ်လေ "

"တော်တော့ ဘေဘီ...ပြန်မယ် "

"ဟင့်အင်း..."

"ဟာ...မိရာရာ..."

"ကျွတ်...ဘေဘီ..."

နှစ်ယောက်လုံးကို တအံ့တဩဖြစ်သွားအောင် ရာရာလုပ်လိုက်သည့်လုပ်ရက်က...

စောင့်ထိုင်ချလိုက်ပြီး နှိုင်းခြေတောက်ကို လက်ရောခြေတောက်နဲ့ပါ တွယ်ကပ်ဖက်တွယ်ထားသည်။

နှိုင်း ကို့ယ့်အပြစ်နဲ့ကိုယ်မို့ ကိုယ်လုပ်ခဲ့သည့်အဖြစ်ကို နောင်တပင်ရချင်ချင်။

"နေ...နေ အစ်ကိုလေး နှိုင်းချော့လိုက်မယ်.."

"အိုခေလေ..."

"ရာရာ...ငါပြောပြမယ်..."

"အင်း..."

"အစ်ကိုလေး ရာရာ့ကိုချော့ပြောမလို့ အစ်ကိုလေးခဏလောက် ရှောင်ပေးပါလား..."

"မြန်မြန်လုပ်..."

"ဟုတ်...."

အစ်ကိုလေး နှိုင်းတို့နဲ့အလှမ်းဝေးသွားမှ နှိုင်း ဒူးထောက်ထိုင်ချလိုက်ရင်း...

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 1)[Completed]Donde viven las historias. Descúbrelo ahora